၁၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၃၄ နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက ခိုးပြေးသည် ဟု ဆိုကာ အမှုဖွင့်တိုင်တန်း မှုတစ်ခုအား ကွမ်းခြံကုန်းရဲစခန်းက စက်တင်ဘာ ၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်ပေးနေရသည်ဟု တိုင်းရဲဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါအမှုမှာ စက်တင်ဘာ ၄ ရက်ကတည်းက ကွမ်းခြံကုန်းမြို့ နယ် မေတ္တာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုမှမိန်းကလေး၏ အုပ်ထိန်းသူ အဒေါ်ဖြစ်သူက အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။
တိုင်တန်းသူက တူမတော်စပ်သည့် မ....... (၁၇)နှစ်အား နေအိမ်အောက် ထပ် တွင် ထင်းများ စီးခိုင်းထားရာတွင် ည ၉ နာရီအချိန်ထိ အိမ်ပေါ်သို့ တက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲကို ထွက်ဆိုထားသည်။
ထို့ကြောင့် လိုက်လံစုံစမ်းရာတွင် အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက ခိုးယူထွက်ပြေးသွားကြောင်း စုံစမ်းသိရှိခဲ့ ရသည်ဟုလည်း ဆက်လက်ထွက်ဆိုထားသည်။
ထိုသို့ တိုင်တန်းမှုကြောင့် ရဲစခန်းကအမှုအမှတ် (ပ)၁၈၃/၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲခံထားရသူအား ဖမ်းဆိးရမိပါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနကဆိုသည်။
မဇ္ဈိမ
Wednesday, September 11, 2013
၁၇ နှစ်သမီးကို အသက် ၃၀ ကျော် အိမ်နီးချင်းက ခိုးပြေးသဖြင့် အမှုဖွင့်
Posted by drmyochit
Wednesday, September 11, 2013, under မှုခင်း | No comments
Time in Rangoon

0 comments:
Post a Comment