Wednesday, September 11, 2013

အေတီတံတားရေကြီးမှု(၅)ရက်ကြာပြီဖြစ်သော်လည်း ခရီးသွားများအခက် တွေ့နေရဆဲဖြစ်နေ

Posted by drmyochit Wednesday, September 11, 2013, under | No comments


လားရှိုး၊ စက်တင်ဘာ ၁၁။

လာရှိုးမြို့မှ တရုတ်ပြည်နယ်စပ်သို့သွားရာ ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ရှိသည့် အေတီ(AT)ချောင်းတံတား တလျှောက် စက်တင်ဘာလ(၇)ရက်နေ့မှ စတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ
ယနေ့အချိန်အထိ ယာဉ်ကြောများပိတ်ဆို့၍ သွားလာရန် အခက်တွေ့နေရဆဲဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါ ချောင်းရေသည် ယနေ့ချိန်တွင် ရေကျသွားသော်လည်း ခရီးသည်များ အန္တရယ်ကင်းစွာ သွားလာနိုင်သော အခြေအနေသို့ မရောက်သေးသည့်အတွက် စောင့်ဆိုင်းနေသော ခရီးသည်များ၏
တည်းခိုရန်နှင့် အစားအသောက်များ ရရှိရန် အခက်တွေ့နေရကြောင်း ခရီးသသည်များက ပြေကြသည်။

“ကျနော်တို့ရေအကျကို စောင့်နေတာ(၂)ရက် ရှိနေပြီ။ ရေကပြန်ကျနေပေမယ့် ကားကတစ်စီးပြီးမှတစ်စီး သွားနေရတာဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ရအုံးမှာ။ ဟိုဖက်ဒီဖက်မှာ စောင့်နေရတဲ့ ကားတန်းကြီးက အရှည်လေးမိုင်လောက်ရှိတာ ခင်များတို့အမြင်ဘဲလေ။ ကားလေးတွေ ဖြတ်ကူးတဲ့အခါ လူလေးငါးယောက်လောက်တွန်းပေးမှ သွားလို့ရတာ။ ကားတစ်စီးတွန်းခအနေနဲ့
ငွေငါးထောင်ပေးရတယ်။ ဆိုင်ကယ်ဆိုရင် တစ်စီးကို ထမ်းခငွေသုံးထောင်ပေးပြီး သွားနေကြတာဘဲ”ဟု ကားဒရိုင်ဘာတစ်ဦးက ပြောသည်။

ဆက်လက်၍ ခရီးသည်တစ်ဦးက“ကျွန်မတို့ မူဆယ်ကလာကြတာ ကလေးသုံးယောက်လည်းပါတယ်။ရေကြီးတဲ့ နေ့ကစပြီး ရောက်နေကြတာ ကလေးတွေနဲ့ဆိုတော့ အိပ်ရ၊ စားရတာ အဆင်မပြေဘူး၊
ရေကြီးတော့ လား ရှိုးဘက် ကူးမရတာနဲ့ အနီးအနား ရွာခံတွေလာရောင်းတဲ့ ကြက်ဥပြုတ် တစ်လုံးကို သုံးရာနဲ့ ရေသန့်ဘူး အသေးတစ်လုံးကို ငါးရာပေးဝယ် နေရတယ်။ ဒီနေ့တော့ ကူးလို့ရမယ်ထင်တာဘဲ”ဟု မူဆယ်မှလာသော ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါပြည်ထောင်စု လမ်းမကြီးသည် နယ်စပ်ခရီးသွားများ၏ အဓိကအားထားရာ လမ်းတစ်ခုဖြစ်ပြီး မိုင်းယော်၊သိန်းနီ၊ လောက်ကိုင်၊ ကွတ်ခိုင်၊ တာမိုးညုင်း၊ မူဆယ်၊ နမ့်ခမ်းဒေသ အသီးသီးသို့
သွားလာနေသော ခရီးသည်ယာဉ်နှင့် ကုန်တင်ကားကြီးများသည် ယခုကဲ့သို့ ရုတ်တရက်ရေကြီး၊ ရေလျှံမှုကြောင့် လမ်းများပိတ်ဆို့၍ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

ယခုအခါ တံတားနှစ်ဖက်စလုံးတွင်ရှိသော ကားများကို သွားလာခွင့်ပေးပြီးဖြစ်သော်လည်း (၂)ရက်ကျော် စောင့်ဆိုင်းနေခဲ့ရသော ကားတန်းကြီးမှာ များစွာရှည်လျားနေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် အလှည့်မရောက်သေးသည့် ခရီးသွားကားများမှာ ဆက်လက်စောင့်နေရဆဲရှိကြောင်း တွေ့ရသည်။

တင်ဦး၊စိုးမင်းနိုင်၊ထွန်းထွန်း၊
မြန်မာ့ခေတ်မှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်