Wednesday, September 11, 2013

အမျိုးသား ၄ဦး အုပ်စုလိုက် အဓ္ဓမပြုကျင့်မှုနဲ့ အပြစ်ထင်ရှား

Posted by drmyochit Wednesday, September 11, 2013, under | No comments


အိန္ဒိယ ​နိုင်ငံက ​အမျိုးသားလေးဦးကို ​အုပ်စုလိုက် ​အဓ္ဓမ ​ပြုကျင့်မှုနဲ့ ​တရားရုံးက ​အပြစ်ထင်ရှား ​တွေ့ရှိခဲ့တယ်လို့ ​သိရပါတယ်။

အဆိုပါ ​အမျိုးသား ​လေးဦးဟာ ​ပြီးခဲ့တဲ့နှစ် ​ဒီဇင်ဘာလက ​နယူးဒေလီမြို့မှာ ​အသက် ​၂၃နှစ် ​အရွယ် ​အမျိုးသမီးတဦးကို ​အုပ်စုလိုက် ​အဓ္ဒမပြုကျင့် ​သတ်ဖြတ်ခဲ့တယ်လို့ ​တရားရုံးက ​ဆိုပါတယ်။
ပဉ္စမ ​မြောက် ​အဓ္ဓမပြုကျင့်မှု ​ကျူးလွန်သူလို့ ​သံသယဖြစ်ခံရသူကတော့ ​ယခုနှစ် ​အစောပိုင်းမှာပဲ ​အကျဉ်းထောင်ထဲမှာ ​သေဆုံးသွားခဲ့တယ်လို့ ​သိရပါတယ်။

အဓ္ဓမပြုကျင့် ​သတ်ဖြတ်မှုကြောင့် ​အိန္ဒိယနိုင်ငံ ​တ၀ှမ်းမှာ ​ဆန္ဒပြ ​ကန့်ကွက်မှုတွေဖြစ်ခဲ့ပါတယ်။
တရားရုံးကတော့ ​သူတို့ကို ​ဘယ်လို ​ပြစ်ဒဏ်ချမှတ်မလဲဆိုတာ ​မသိရသေးပေမယ့် ​အဓ္ဓမပြုကျင့် ​သတ်ဖြတ်ခံရတဲ့ ​အမျိုးသမီးရဲ့ ​မိသားစုတွေကတော့ ​သေဒဏ်ချမှတ် ​စေချင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်