Wednesday, September 11, 2013

ခင်ပွန်းနဲ့အဆင်မပြေလို့ ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံသူကို ရဲကအမှုစွဲ

Posted by drmyochit Wednesday, September 11, 2013, under | No comments

စက်တင်ဘာ ၈ရက် ည ၁၀ နာရီခွဲအချိန်က သန်လျင်ဆေးရုံတွင် ပိုသတ်ဆေးသောက်ထားသည့် အသက် ၂၇ နှစ် အရွယ် အမျိုးသမီးအား သေကြောင်း ကြံစည်မှုကြောင့် ရဲကသူမအား မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အရေးယူပေးရန် တရားလိုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။

သူမသည် ကွမ်းခြံကုန်း ကျေးရွာနေထိုင်သူ စက်ရုံအလုပ်သမတစ်ဦးဖြစ်ပြီး လင်မယားချင်းအဆင်မပြေသည့်ကိစ္စအား စိတ်ညစ်ကာ ပိုလိုပိုးသတ်ဆေးရည်ကို သောက်ပြီး
သေကြောင်း ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

သန်လျင်ရဲစခန်းကအမှုအမှတ် (ပ)၈၃၈/ ၂၀၁၃ဖြင့် အမှုဖွင့်ကာ သေကြောင်းကြံစည် ခဲ့သူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ ဖြင့် တရားစွဲသွားမည်ဟုလည်း ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်