Wednesday, September 11, 2013

ခြိမ်းခြောက်သောကြောင့် တွေ့ဆုံပွဲပြုလုပ်ခြင်းမဟုတ်ကြောင်း ဦးဝီရသူဆို

Posted by drmyochit Wednesday, September 11, 2013, under | No comments

ဒိုင်းမွန်းဦးရွှေကြည်နှင့် တွေ့ဆုံပွဲပြုလုပ်ခြင်းသည် အစွန်းရောက်များက ခြိမ်းခြောက်သောကြောင့်မဟုတ်ကြောင်း ဦးဝီရသူက စက်တင်ဘာ ၁၀ ရက်ကမိန့်ကြားလိုက်သည်။

မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူသည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံသမန်ကွန်ရက် တာဝန်ခံ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းဦးရွှေကြည်နှင့် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့အပြီးတွင် သတင်းထောက်များကို အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ လက်ရှိလုပ်ရပ်များကို မကျေနပ်သဖြင့် ခေါင်းဖြတ်သတ်မည်ဟု ပြည်တွင်းဖုန်းနံပါတ်တစ်ခုဖြင့် ကြိမ်းမောင်းခဲ့ကြောင်း ရေးထားသည်။

“ဦးဇင်းရဲ့တရားတွေက အမုန်းစကားတွေ မဟုတ်ပါဘူး။ တကယ့်အပြင်က အဖြစ်အပျက်အမှန်တွေပါ၊ ငိုသံတွေပဲ ဖြစ်ပါတယ်” ဟု ဦးဝီရသူက မိန့်သည်။

ထို့ပြင် ဒိုင်းမွန်းဦးရွှေကြည်ကိုလည်း မွတ်ဆလင်များနှင့် အစွန်းရောက်များက ဦးဝီရသူနှင့်တွေ့ဆုံမှုအပေါ် ခြိမ်းခြောက်မှုများ ရှိကြောင်း ပြောဆိုထားသေးသည်။

ယခုတွေ့ဆုံပွဲတွင် ဥပဒေမဲ့ဖြစ်ရပ်များ မပေါ်ပေါက်စေရန် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာနှစ်ခု တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် ယခင်က ဘာသာနှစ်ခုသာတွေ့ဆုံခဲ့ပြီး ယခုတစ်ကြိမ်တွင် အခြားဘာသာဝင် လူငယ်များ ပါဝင်လာခဲ့သည်။

ဒိုင်းမွန်းဦးရွှေကြည်က “ကျွန်တော်တို့ အသိုက်အ၀န်းမှာ မြန်မာ့ရိုးရာကို ဖီလာဆန့်ကျင်နေတဲ့ ဖြစ်ရပ်တွေရှိတယ်။ ဒါတွေကို အစ္စလမ်ဘာသာရေး အဖွဲ့အစည်းတွေကို အကြောင်းကြားပေးပြီး ၀ိုင်းဝန်းဖြေရှင်းဖို့ ပြောဆိုသွားမှာပါ” ဟုဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်