Wednesday, September 11, 2013

ရေးဆွဲသူ အမည်မသိ ပန်းချီကားကို ဗန်ဂိုး၏ လက်ရာအဖြစ် အတည်ပြု

Posted by drmyochit Wednesday, September 11, 2013, under | No comments

ယခင်က ရှုခင်းပုံတစ်ခု ရေးခြယ်ထားသည့် ပန်းချီကားချပ်ဟောင်းနှင့် ပတ်သက်၍ ရေးဆွဲသူကို အမည်မသိဟုသာ သတ်မှတ်ထားသော်လည်း ယခုအခါ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ် ပြတိုက်က ဗန်ဂိုး၏ လက်ရာအဖြစ် ဖော်ထုတ် တွေ့ရှိခဲ့



ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့သည့် ပန်းချီကား တစ်ချပ်ကို ယခုအခါ အတည်ပြု ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခင်က ရှုခင်းပုံတစ်ခု ရေးခြယ်ထားသည့် ပန်းချီကားချပ်ဟောင်းနှင့် ပတ်သက်၍ ရေးဆွဲသူကို အမည်မသိဟုသာ သတ်မှတ်ထားသော်လည်း ယခုအခါ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ် ပြတိုက်က ဗန်ဂိုး၏ လက်ရာအဖြစ် ဖော်ထုတ် တွေ့ရှိခဲ့သည်။ မွန့်မေဂျာမှ နေဝင်ချိန်ဟု အမည်ပေးထားသော ပန်းချီကားသည် သစ်ပင်များ၊ ခြုံပုတ်ငယ်များနှင့် ကောင်းကင်ရှုခင်းတို့ကို ပုံဖော် ရေးဆွဲထားခြင်း ဖြစ်သည်။ အစောပိုင်းက ယင်းပန်းချီကားကို ဒတ်ခ်ျပန်းချီကျော်ကြီး၏ လက်ရာအဖြစ် ယူဆမှုအချို့ ရှိခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

ထိုပန်းချီကားသည် နော်ဝေးရှိ ကိုယ်ပိုင် ပန်းချီကား စုဆောင်းသူ တစ်ဦးလက်တွင် နှစ်ပေါင်းများစွာ သောင်တင်နေခဲ့သေးသည်။ ပြတိုက်မှ တာဝန်ရှိသူများက ယခုပန်းချီကားသည် စာလုံးများ၊ ရေးဆွဲသည့် ပုံစံ၊ ရုပ်ဝတ္ထု ပေါင်းစပ်မှုများအရ ဗန်ဂိုး၏ လက်ရာအဖြစ် အတည်ပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပန်းချီလက်ရာသည် ရုပ်လုံးပြည့် ရေးဆွဲထားသည့် ဗန်ဂိုး၏ ပန်းချီကားချပ်များ ရှာဖွေတွေ့ရှိမှုတွင် (၁၉၂၈)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာသည်။

ပြတိုက် ဒါရိုက်တာ အေဆဲလ်ရူဂါက ယခုအတည်ပြု တွေ့ရှိချက်သည် မိမိအတွက် တစ်သက်တစ်ခါ ကြုံရသည့် အတွေ့အကြုံမျိုးဟု ဖွင့်ဟခဲ့သည်။ (၁၉၉၀)ပြည့်လွန် နှစ်များက ထိုပန်းချီကားကို ဗန်ဂိုး၏ လက်ရာအဖြစ် စာရင်းသွင်းရန် ကြိုးပမ်းခဲ့သော်လည်း လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ပယ်ချခံရပြီး ရေးဆွဲသူ အမည်မသိဟုသာ သတ်မှတ် ခံခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။ ထိုပန်းချီကားကို စက်တင်ဘာ (၂၄)ရက်နေ့မှ စတင်ကာ ပြသသွားမည်ဟု ပြတိုက်က ကြေညာခဲ့သည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်