Wednesday, September 11, 2013

ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားပြီး ပြုလုပ်ခွင့်ပြန်မကျသူ ရွှေ့  ပြောင်းမြန်မာ အလုပ်သမားများအတွက် ထိုင်းမှ အရေးပေါ်နေထိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးမည်

Posted by drmyochit Wednesday, September 11, 2013, under | No comments

နေထိုင်ခွင့် နှင့် အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ရရှိရန် စောင့်ဆိုင်းနေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ။ ဓာတ်ပုံ - မွန်ကြီး

မဲဆောက် ၊ စက်တင်ဘာ ၁၀

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ မှ ယာယီနိုင်ငံကူးလက်မှတ်ပြု လုပ်ရန်လျှောက်ထားရာတွင် အ ချို့သာပြုလုပ်ခွင့်ပြန်ကျခဲ့ရာ ပြု လုပ်ခွင့်ပြန် မကျလာသူ များအတွက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အလုပ် သမားရှာဖွေရေးရုံးချုပ်မှ အရေး ပေါ်ကြေညာချက် တစ်စောင်ထုတ် ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါကြေညာချက်တွင် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ပြုလုပ်ရမည့် အချက်ငါး ချက်ပါဝင် ပြီး နိုင်ငံကူးလက်မှတ်အစား နေ ထိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ရရှိရန် ဆောင်ရွက်ပေး ခြင်းဖြစ်သည်။

''အခုလို ထောရောပေါ်လာ တာ ကျွန်မတို့အလုပ်သမားတွေ အတွက် သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကဟိုး အရင်တုန်းက စနစ်လေ။ ကျွန်မ တို့ ဒီအလုပ်သမားလက်မှတ်လုပ် ရပြီဆိုလို့ရှိရင် အဆင့်ဆင့်နဲ့ သွားရတယ်။ ပထမ ဆုံး အဆင့် က အဲဒီထောရောလို့ခေါ်တဲ့ နေ ထိုင်ခွင့်ကို ရိုက်တာပေါ့နော်။ အဲဒါရပြီဆိုရင် ကျွန်မတို့ကျန်း မာရေးအာမခံ သွားလုပ်ရတယ်။ ကျန်းမာရေးအာမခံ လုပ်ပြီးမှသာ လျှင် ကျွန်မတို့ အလုပ်သမားရှာ ဖွေရေးရုံးကို သွားပြီး အလုပ် လုပ် ပိုင်ခွင့် လျှောက်ရပါတယ်။ ပတ်စ် ပို့ လုပ်စရာမလိုတော့ဘူး။ ကျွန်မ တို့ အရင်မြန်မာအလုပ်သမားတွေ ပြောတဲ့ တစ်နှစ်ခံပေါ့လေ။ အခု အဲဒီစနစ်ကို ပြန်သွားပြီဆိုတော့ လဲ ကျွန်မတို့အလုပ်သမားတွေ အနေနဲ့ ဝမ်းသာမိပါ တယ်''ဟု မဝါဝါနိုင်က ပြောသည်။

ထိုကဲ့သို့ နေထိုင်ခွင့်နှင့် အ လုပ်လုပ်ပိုင်ခွင့် လက်မှတ်ရရှိရန် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအနေဖြင့် ထိုင်းနိုင်ငံ အလုပ် သမားရှာဖွေရေးရုံးချုပ်၏ ကြေ ညာချက်အတိုင်း မိမိ၏အလုပ်ရှင် နှင့်အတူ ယခင်ပတ်စ်ပို့လျှောက် စဉ်က စာရွက်စာတမ်းပုံစံအ တိုင်း ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေရေးရုံးသို့ စက်တင်ဘာ ၂ဝရက်မကျော်လွန်မီကာလအ တွင်း ထပ်မံ၍ပြန်တင်ရမည်ဖြစ် ပြီး အဆိုပါလျှောက်လွှာများကို ထိုင်းနိုင်ငံ အလုပ်သမားရှာဖွေ ရေးရုံးမှ ပြန်လည်စိစစ်မည် ဖြစ် သည်။

ထို့နောက် အလုပ်သမားရှာ ဖွေရေးရုံးမှ ရရှိသည့် စာရွက်စာ တမ်းကို တစ်ပါတည်းဆောင်သွား ပြီး အလုပ်ရှင်နှင့်အတူ အလုပ်သ မားများကိုယ်တိုင် မဲဆောက်မြို့ နယ်ရုံး၌ ထောရော ၃၈/၁ နေ ထိုင်ခွင့်ကို စက်တင်ဘာ ၁၆ရက် မှ အောက်တို ဘာ ၃ဝရက် အ တွင်းသွားရောက်ပြုလုပ်ရမည် ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။ မိမိတင်ထားသည့် ထော ရော ၃၈/၁ နေထိုင်ခွင့် စာရွက် ရရှိလာသည့်အခါ ကျန်းမာရေး စစ်ဆေးခြင်းကို ဆေးရုံတွင် စက် တင်ဘာ ၁၆ရက်မှ အောက်တို ဘာ ၃ဝရက်အထိ ၄၅ရက်အ တွင်းသွားရောက်ပြုလုပ်ရမည် ဖြစ်ပြီး အလုပ်လုပ်ပိုင်ခွင့်လက် မှတ်ကို နိုဝင်ဘာ ၁၄ရက်မကျော် လွန်မီ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

နေနေ
YMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်