Monday, September 02, 2013

အာဖဂန်တာလီဘန်အဖွဲ့ ပါကစ္စတန်နယ်စပ်အနီး အမေရိကန် အခြေစိုက်စခန်းကို တိုက်ခိုက်

Posted by drmyochit Monday, September 02, 2013, under | No comments

ကဘူးလ်၊ စက်တင်ဘာ ၂။

ပါကစ္စတန်နယ်စပ်အနီး အာဖဂန်နိုင်ငံတွင်းရှိ အမေရိကန် အခြေစိုက် စခန်းတစ်ခုကို အသေခံဗုံးခွဲ သမားအဖွဲ့တစ်ဖွဲ့ ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ ရာ ပေါက်ကွဲမှုအများအပြား ဖြစ်ပွားပြီး၊
တိုက်ပွဲတစ်ပွဲ လည်း ဖြစ်ခဲ့ ကာ နေတိုး တပ်ဖွဲ့ ထောက်ပို့ ကားများ အသုံးပြုသည့်အဓိက လမ်းမကြီး တစ်ခုလည်း ပိတ်ဆို့ခဲ့ကြောင်း အာဖဂန် အရာရှိများက ပြောကြားသည်။

အမေရိကန်ခေါင်းဆောင် ပါဝင်သည့် ၎င်းတပ်များပိုင်ဆိုင်သည့် ကားများလည်း မီးလောင်ခဲ့ကြောင်း အာဖဂန်အရာရှိ တစ်ဦးက ပြောကြားသည်။

နယ်စပ်တော့ဟမ်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် တာလီဘန်တို့ ပြုလုပ်ခြင်းဖြစ်ကြောင်း စွပ်စွဲထားပြီး ၎င်းဖြစ်ရပ်သည် လာမည့်နှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန် ခေါင်းဆောင် ပါဝင်သည့် နိုင်ငံခြားတပ်များ အားလုံး ထွက်ခွာသွားမည့် ဖြစ်စဉ်၏ တစိတ်တဒေသအဖြစ် စစ်သားအင်အားကို လျှော့ချနေ ချိန်တွင် ဖြစ် ပွားခြင်း ဖြစ်သည်။

နေတိုးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပေါက်ကွဲမှုတွေ အတွဲလိုက်ဖြစ်ကြောင်း သို့သော်လည်း အသေ အပျောက် တစ်ယောက်မျှ မရှိကြောင်း အတည်ပြုခဲ့သည်။ စစ်တပ်က ဒဏ်ရာရသူနှင့် ပတ်သက်သည့် သတင်းအချက်အလက် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အာဖဂန်လုံခြုံရေးတပ်သို့ မဟုတ် အရပ်သားတစ်ဦးတလေမျှ ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်း မရှိကြောင်း အမေရိကန် အခြေစိုက် စခန်းတည်ရှိသည့် မိုမန်ဒရာ ခရိုင်အုပ်ချုပ်ရေးမှူး
အီဆာခန်းဇွခ်က ပြောကြားသည်။

နန်ဂါဟာနယ် အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလအာမက်ဇီယာ အက်ဘဒူဇိုင်က ဗုံးများ တပ်ဆင်ထားသည့် အင်္ကျီများ ဝတ်ဆင်ထားပြီး အခြားလက်နက်များ ကိုင်ဆောင်ထားသည့် စစ်သွေးကြွများစွာ
တိုက်ခိုက်မှုကို လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ အာဖဂန်နှင့် အမေရိကန်တပ်တို့သည် သူပုန်များနှင့် တိုက်ပွဲလည်း ဖြစ်ခဲ့ကြောင်း ပြောကြားသည်။ နေတိုးတပ်ဖွဲ့ ရဟတ်ယာဉ်များသည်လည်း
၎င်းတို့စခန်းပေါ်၌ ဝဲနေခဲ့ကြောင်း ပြောကြားသည်။

ဂျာလာလာဘတ်မြို့ကြီးနှင့် အာဖဂန်-ပါကစ္စတန် နယ်စပ်တော့ဟန်ကြား နေတိုးတပ်ဖွဲ့ထောက်ပို့ကားများ သွားလာရာ အရေးပါသော အဝေးပြေး လမ်းမကြီးသည်လည်း ပိတ်သွားပြီဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။ အာဖဂန်နယ်စပ် ဘေးတဖက်တချက်မှ စစ်သွေးကြွများသည် အာဖဂန်နိုင်ငံတွင်းမှ ထောက်ပို့ယာဉ်များ နေတိုးတပ်ဖွဲ့သို့ ကုန်များ ပို့ဆောင်ရသည့်
၎င်းထောက်ပို့ လမ်းကို ပစ်မှတ်ထား တိုက်ခိုက်မှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အာဖဂန် အရာရှိများက အခင်းဖြစ်ပွားခဲ့သည့် အခြေစိုက်စခန်းစသည် အမေရိကန်နှင့် အခြားနေတိုးတပ်ဖွဲ့တို့၏ ယာဉ်အမျိုးမျိုး ရပ်တန့်ရာ နေရာဖြစ်ကြောင်း ပြောကြားသည်။ လန်ဂါဟာ နယ်မြေ
ဒုရဲတပ်ဖွဲ့မှူးက ယာဉ်အများအပြား မီးလောက်ကျွမ်းပြီး မီးသတ်ကားများ လွှတ်ခဲ့ရကြောင်း ပြောကြားသည်။

Ref:AP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်