Monday, September 02, 2013

တောင်သူများအား ဥပဒေသားကောင်ဘဝရောက်အောင်မလုပ်ကြရန် လယ်ယာမြေစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌပြောကြား

Posted by drmyochit Monday, September 02, 2013, under | No comments

လယ် သမားများအား ချစ်သလိုလိုနှင့် ဥပဒေသားကောင်ဘဝသို့ရောက် အောင်တွန်း၍မပို့ကြရန် ပဲခူး တိုင်းဒေသကြီး ရေတာရှည်မြို့ နယ်အမှတ်(၆) သကြားစက်နှင့် ဒေသခံတောင်သူလယ်သမားများ လယ်ယာမြေပြဿနာတိုင်ကြား စာများနှင့်ပတ်သက်၍ စစ်ဆေးရန် ရောက်ရှိနေသော လယ်ယာမြေ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦး တင်ထွဋ်က ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ဩဂုတ် ၂၉ရက် နံနက် ၉နာရီက လယ် ယာမြေများ သိမ်းဆည်း ခံထားရ သော တောင်သူ လယ်သမား များ နှင့်တွေ့ဆုံစဉ် ပြောကြားသွားသည်။

ရေတာရှည်မြို့နယ် တောင် သူလယ်သမားများ၏ လယ်ယာမြေ များ အသိမ်းခံထားရသည့်ကိစ္စ တိုင်ကြား စာနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် ''ခွင့်ပြု၍ရ သောသစ်တောကြိုးဝိုင်းမြေ လွတ်များ၊ မြေရိုင်းများ တို့၌သိမ်း ဆည်းခံခဲ့ကြရသော မူလလက် ငုတ်လုပ်ကိုင်စိုက်ပျိုးခဲ့ကြသူများ လက်သို့ အထောက် အထား စာရွက် စာတမ်းရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပြန်လည်စိုက်ပျိုးလုပ်ကိုင် ခွင့်ပြုပေးနိုင်ပါရန် လွှတ်တော် သို့တင်သွင်းအဆိုပြုခဲ့ပြီးဖြစ်ပါ ကြောင်း '' ကော်မရှင်ဥက္ကဋ္ဌ၏တရား ဝင်ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ရဲ့ ကြံစိုက် ဧကကွက်တွေကို သကြားစက်က သိမ်းခဲ့တာပါ။ အနှစ် ၂ဝကျော် ပြီ။ အခု သူတို့စက်ရုံက မစိုက်ဘဲ ကုမ္ပဏီတစ်ခုကို အနှစ် ၃ဝစာ ချုပ်နဲ့ ငှားလိုက်ပါတယ်။ ကျွန်တော် တို့အောင် ချမ်းသာ ရွာက အထိ အနာဆုံးပဲ။ တစ်ရွာလုံး ဧက ၂၂၈ဝကျော်အသိမ်းခံလိုက်ရ တယ်။
တအား ထိခိုက် နစ်နာကုန် တယ်။ ဘဝတွေပါ ပျက်ကုန်တယ်။ အဲဒီနောက် နိုင်ငံတော်ကလက် ငုတ်တော့ ပြန်ပေးတယ်ကြားလို့ ကျွန်တော်တို့ ကိုယ့်လက်ငုတ်အ ကွက်လေးတွေ ဝင်လုပ်ကြတာ၊ အဲဒီကို စက်ရုံမှူးက တရားစွဲလို့ ရေတာရှည်စခန်းမှာ တရားရင် ဆိုင်နေကြရတယ်။ ကျွန်တော့် အဖေဦးသိန်းမြင့်က အသက် ၇၀ ကျော်ပြီ။ ဘာမှမလုပ်နိုင်တော့ ဘူး။ အကွက်က အဖေ့နာမည်နဲ့ ဆိုတော့ အဖေတရားစွဲ ခံရ တာ ပေါ့။ လုပ်တာက ကျွန်တော်တို့ ဝင်လုပ်တာ။ ဒါကြောင့် ကျွန်တော် နဲ့ လူချင်းလဲပေးပါပြောတာမရ ဘူး။ အကွက် က နည်းနည်းလေး ပါ။ ပိုင်တာက လေးဧက၊ ဝင်လုပ် တာက ဒသမအစိတ်၊ သုံးဆယ် လောက် ဝင် လုပ်တာ။ အဖေဆို ဥပုသ်နေ့မှာ ဘုန်းကြီးကျောင်း တောင် မတက်နိုင် ဘူး။ သုံးပတ် လောက် ရှိပြီ။ ရုံးချိန်းနဲ့တိုက်နေလို့ လေ။ ကျွန်တော်တို့မှာ သူများ တွေလို ထွန်တုံးတိုက်ပွဲတွေ ဘာ တွေ လုပ်တာ မဟုတ်ပါဘူး။ စက် ရုံက ကုမ္ပဏီကိုငှားထားတယ်ပြော ပြီး ကျွန်တော်တို့အကွက်တွေကို သူတို့နဲ့လက်သင့်တဲ့သူတွေကို မျက် နှာလိုက်ပြီးဝင်လုပ်ခွင့်ပေးနေတော့ ကျွန်တော်တို့လဲ ဘယ်ခံချင်မှာ လဲ။ သူတို့စိုက်ထားတာတွေလုံးဝ သွားမထိပါဘူး။ ဒီဘက်မှာ သူတို့ မလုပ်လို့ လွတ်နေတဲ့အကွက်လေး ဝင်လုပ်တာ။ တရားစွဲခံရတဲ့အထဲ ကျွန်တော့်အဖေနဲ့ ကျွန်တော့် ဘကြီးနှစ်ယောက်လဲပါတယ်'' ဟု အောင်ချမ်းသာရွာမှ ကိုအေး ကိုက ပြောသည်။

''ကျွန်မက ရေတာရှည်ရပ် ကွက်(၁)က ဒေါ်ကြည်မြပါ။ ကျွန် မတို့မိသားစုကိုးယောက်ပေါင်း ဧက ၁၀ဝလောက် အသိမ်းခံရ တယ်။ အားလုံးဘဝပျက်ပြီးလုပ် စားစရာမရှိလို့ ဟိုရောက် ဒီရောက် တွေဖြစ်ကုန်ကြပြီ။ အခု တရားစွဲ ခံထားရတဲ့အထဲမှာ ကျွန်မရဲ့ညီမ ဒေါ်လှကြည်(အားမန်သစ်ဆန်စက် ပိုင်ရှင်)ပါတယ်''ဟု အခမ်းအနား သို့လာရောက်နားထောင်သော ဒေါ်ကြည်မြက ပြောသည်။

ကိုဆွေ ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်