Monday, September 02, 2013

ဟိန္ဒူဂုရုကြီး အဖမ်းခံရ

Posted by drmyochit Monday, September 02, 2013, under | No comments

ဆိတ်ငြိမ်သော ဘာသာရေး ရိပ်သာတစ်ခု၌ ၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကိုလိင်မှု
ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့သည်ဟုစွပ်စွဲခံရပြီးနောက် ကျော်ကြားသော၊ကိုးကွယ်ယုံ
ကြည်ခံရသောအိန္ဒိယဂုရုကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသခံအရာရှိ
တစ်ဦးက စက် တင်ဘာ ၁ရက်တွင်ပြောကြား ခဲ့သည်။

နောက်လိုက်များစွာကို ဆွဲ ဆောင်ပြီး ကိုယ်ပိုင်ဟန်ရှိသူဟိန္ဒူ ဂုရုများစွာအနက်တစ်ဦးဖြစ်
သူ အာဆာရမ်ဘာပူကို စက်တင်ဘာ ၁ရက်က အင်ဒိုးမြို့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထို့နောက်အသက် ၇၂နှစ်အရွယ် ဂုရုကြီးကို မိန်းကလေးအား လိင်မှုကျူးလွန်ရန်အားထုတ်
ကြိုးပမ်းခဲ့သော အ နောက်ပိုင်းရှိ ဂျော့ဒ်ပူရ်မြို့သို့ လေယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ သည်။
မိန်းကလေး၏မိဘများ မှာလည်း ၎င်းဂုရုကြီးကို ကိုးကွယ် နေသူများဖြစ်သည်ဟု ဒေသခံရဲ
အရာရှိ အဂျေးပါးလ်လမ်ဘာက ပြောကြားခဲ့သည်။

''ဂုရုကြီးကို သူ့ကိုစွပ်စွဲထား တာနဲ့ပတ်သက်ပြီး ဂျော့ဒ်ပူရ်ရဲ စခန်းသို့လာရောက်ဖြေရှင်းဖို့
ပြောခဲ့ပေမယ့်သူကျန်းမာရေးမကောင်းလို့နောက်ထပ်အချိန်ပေးဖို့တောင်းဆိုခဲ့တယ်''ဟု
ရဲ တပ်ဖွဲ့ကလည်း အခွင့်အရေးပေး ခဲ့သော်ကြောင်း ဂျော့ဒ်ပူရ်မှ ဒုရဲ မင်းကြီး လမ်ဘာက
အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။မုတ်ဆိတ်ဖြူဂုရုကြီး၎င်းအပေါ်စွပ်စွဲချက်များကိုပယ်ချခဲ့
ပြီးနိုင်ငံရေးနှင့်ဆိုင်သော ကြံစည်မှုဟုဆိုသည်။လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာဩဂုတ် ၂၅
ရက်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အာဆာရမ်သည် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရသူမိန်းက
လေး၏မိဘများအပါအဝင်နောက် လိုက်များအတွက် တရားကျင့် ရိပ်သာတစ်ခုကို ပြုလုပ်
ပေးနေခဲ့ချိန်ဖြစ်သည်။


သမီးဖြစ်သူတွင် မကောင်း ဆိုးဝါးဝိညာဉ်များပူးဝင်စွဲကပ်နေပြီး ၎င်းအနေဖြင့်သမီးဖြစ်သူနှင့်
နှစ်ဦးတည်းတွေ့ရန်လိုအပ် ကြောင်း ဂုရုက မိန်းကလေး၏မိဘများကို ပြောကြားခဲ့သည်။
ဂုရုကြီး အခန်းကို မိန်းကလေး တစ်ဦးက ခိုးဝင်ရောက်ပြီးနောက် နှစ်ရက်ကြာ ဂုရုကြီးက
၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် အားထုတ်ခဲ့ကြောင်း မိန်းကလေး က ၎င်း၏ မိဘ
များကိုတိုင်သည်။မိန်းကလေးမိသားစုက ဂုရုနှင့် ထိပ်တိုက်တွေ့ရန်ကြိုးစားသော် လည်း
ဂုရုကအတွေ့မခံသဖြင့် ရဲကိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောခဲ့သည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်