Monday, September 02, 2013

ကောက်တမ်းမှာ ဝန်ကြီးချုပ် ရှုံးနိမ့်ကြောင်း ပြသ

Posted by drmyochit Monday, September 02, 2013, under | No comments

သြစတြေးလျ နိုင်ငံက ဒီတပါတ်ကုန်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ကြိုတင်ခန့်မှန်းတဲ့ ဟောကိန်းကောက်ချက်တွေအရ အတိုက်အခံ ပါတီ ခေါင်းဆောင်က အပြတ် အသတ် မဲအသာ၇မှု တွေ ပြသ နေတဲ့ အကြောင်း ဒီကနေ့မှာ ထွက်တဲ့ ကောက်တမ်းတွေအရ သိရပါတယ်။

ဝန်ကြီးချုပ်အဖြစ် ဘယ်သူ့ကို နှစ်သက် သလဲဆိုတဲ့ ကောက်တမ်းအရ အတိုက်အခံ ခေါင်းဆောင် Tony Abbott က ၄၃% အသာရနေပြီး ဝန်ကြီးချုပ် Kevin Rudd က ၄၁% ဖြစ်နေပါတယ်။

ပါတီ ၂ ခု နှိုင်းယှဉ် လိုက်တဲ့အခါမှာ လေဘာပါတီက ၃၃% နဲ့ အတိုက်အခံ ညွန့်ပေါင်း က ၄၆% အသာရ နေတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲ မစခင် တပါတ်အလို မှာ လက်ရှိ အစိုးရပါတီက နောက်ကို ရောက်သွားပြီ ဖြစ်ပါတယ်။

ကြိုတင် ခန့်မှန်းမဲတွေဟာ များသောအားဖြင့် တိမ်းစောင်းမှားယွင်းမှု ၃% လောက်ဘဲ ရှိတတ်ပါတယ်။

ဝန်ကြီးချုပ် Kevin Rudd ကတော့ ရွေးကောက်ပွဲ အကြို တပါတ်မှာ မဲဆွယ်စည်း ရုံးရေးတွေ ပြည်နယ်တိုင်း ရပ်ကွက်တိုင်းကို သွားနိုင်သရွေ့ သွားမယ်လို့ ဆိုပါတယ်။

ဒီတပါတ်ထဲမှာလဲ Townsville မြို့မှာ ဒေါ်လာ ၁၅ သန်း တန်ဘိုးရှိတဲ့ အားကစားနဲ့ ဖျော်ဖြေရေးရုံကို ဆောက်ပေးမယ်ဆိုတဲ့အကြောင်း၊ တွင်းထွက် သယံဇာတပစ္စည်း တူးဖေါ်တဲ့ကရိယာ အသစ် အဆန်းတွေ အတွက် ရံပုံငွေ ကူညီပေးမယ်ဆိုတဲ့ အကြောင်းနဲ့ အဓိကအားဖြင့် လူတွေရဲ့ အလုပ်အကိုင် လုံခြုံရေးကို ဆောင်ရွက်သွါးမယ်လို့ ဆိုပါတယ်။

အတိုက်အခံ ခေါင်းဆောင် တိုနီအာဘော့တ် ကတော့ သုံးငွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်မှု မရှိ သေးတဲ့အတွက် ဖိအားပေးခံနေရပြီး ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်း အတွင်း ထုတ်ပြန်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

အတိုက်အခံ ညွန့်ပေါင်းက ကျန်းမာရေး ပညာရေးနဲ့ ပင်စင်ခံစားခွင့်ငွေတွေ ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ABC Radio Australia


ကြိုတင်ကောက်တမ်းအရ လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ် ရှုံးနိမ့်မယ်လို့ ပြသ (Credit: AAP)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်