လားရှိုး၊ စက်တင်ဘာ ၂။
လားရှိုးမူးယစ် အထူးတပ်ဖွဲ့မှ ရဲအုပ်တင်ဌေး ဦးစီးသော အဖွဲ့သည် ရပ်ကွက် (၅)၊ နယ်မြေ (၁၃)၊ အိမ်နံပါတ် (၃၁၃)တွင် သြဂုတ်လ ၃၁ရက်နေ့က စိတ်ကြွဆေးဝါး အများအပြားကို ဖမ်းဆီး
ရမိခဲ့ကြောင်း သိရသည်။
အဆိုပါရဲအဖွဲ့သည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များမှ မမော်ရွှေကျောင်း နေထိုင်ရာအိမ်အား သတင်းအရ၀င် ရောက်ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော ကျွတ်ကျွတ်အိပ်မှ အပြာရောင် ပလပ်စတစ်အိတ်ငယ်ဖြင့် ထည့်လျှက် တစ်ထုတ်လျှင်(၈၈)နှင့် (၁)အမှတ်တံဆိတ် တစ်ဖက်စီပါသော စိတ်ကြွဆေးပြား (၂၀၀)ပြားပါ (၉)ထုပ်၊ (၁၇၅)ပြားပါ (၁)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၁၉၇၅)ပြား၊ အလေးချိန် (၁၇၇.၇၅)ဂရမ်အား သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းစိတ်ကြွဆေးပြားများအား လားရှိုးမူးယစ်အထူးအဖွဲ့မှ သက်သေများရှေ့မှောက်တွင် သိမ်းဆည်း ရမိခဲ့သည့်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ မယ (ပ) ၃၈/၂၀၁၃၊
မူး/စိတ် ၁၅/၁၉(က)/၂၁ ဖြင့် အဆိုပါ လက်ဝယ်တွေ့ရှိသူ မမော်ရွှေကျောင်းအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြန်မာ့ခေတ်
Time in Rangoon


0 comments:
Post a Comment