Monday, September 02, 2013

တရုတ်ထိပ်သီးအရာရှိတစ်ဦး အဂတိမှုနဲ့ စစ်ဆေးခံနေရ

Posted by drmyochit Monday, September 02, 2013, under | No comments

တရုတ်နိုင်ငံမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်တဲ့အနေနဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း China National Petroleum Corporation (CNPC) ကုမ္ပဏီဥက္ကဌ ဖြစ်သူ Jiang Jiemin ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။iang Jiemin ဟာ ပြီးခဲ့တဲ့ မတ်လအထိ CNPC ကုမ္ပဏီရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး သူ့ကို စည်းကမ်းထိန်းသိမ်းမှု ဥပဒေဖော်ဖျက်မှုတွေကြောင့် စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ရှင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

စည်းကမ်းထိန်းသိမ်းမှု ဥပဒေ ဖောက်ဖျက်မှု ဆိုတာ တရုတ်နိုင်ငံမှာ အဂတိလိုက်စားတာကို ဆိုလိုတာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး CNPC ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ၄ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့လည်း သိရပါတယ်။

CNPC ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ၂၀၀၁ ခုနှစ်လောက်ကတည်းက ပြုလုပ်ဆောင်ရွက်နေတာဖြစ်ပြီး လောလောဆယ်မှာ ရခိုင်ကမ်းလွန် ရေနက်ကမ်းလွန်ရေနံနဲ့ သဘာဝ ဓာတ်ငွေ ရာဖွေရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဓာတုချက်စက်ရုံလုပ်ငန်းတွေ၊ ရခိုင်ပြည်နယ်ကနေ ယူနန်ပြည်နယ်တွေကို ဆက်သွယ်တဲ့ ပိုက်လိုင်း စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု အစစ်ဆေးခံနေရတဲ့ Jiang Jiemin ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့စီမံကိန်း အမြောက်အများကို လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။

ABC Radio Australia


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်