Monday, September 02, 2013

လန်ဒန်မြို့မှ နော့တင်ဟေးလ် ကာနေဗယ်လ်ပွဲတော်

Posted by drmyochit Monday, September 02, 2013, under | No comments


အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ကန်ဆင်တန်နှင့် ချယ်လ်ဆီးအရပ်ရှိ လမ်းမများပေါ်တွင် နှစ်စဉ် ပြု လုပ်မြဲဖြစ် သည့် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ယခုနှစ်တွင်မူ (၂)ရက်ကြာ အချိန်သတ်မှတ် ကျင်းပခဲ့သည်။ ကာရေဘီယန် ဒေသတွင် ခေတ်စားသည့် ကာနေဗယ်လ် ပွဲတော်များကဲ့သို့ပင် လှပဆန်းကျယ်စွာ တောက်တောက်ပြောင်ပြောင် တန်ဆာ ဆင်ထားသော ဘီကနီများ၊ ငှက်မွှေးငှက်တောင်နှင့် အလှဆင်ထားသည့် ဖက်ရှင်များ၊ ထူးထူးဆန်းဆန်း ဝတ်စား ဆင်ယင် ပုံများနှင့် အတူ လူအများအပြား လမ်းပေါ်လှည့်လည် ကပြကြသည်။

ထူးခြားသော အသွင်အပြင်နှင့် ယာဉ်ကြီးများကိုလည်း အလှဆင် ဖန်တီးပြီး လှည့်လည်ကြသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်တွင် လုံခြုံရေး ဆောင်ရွက်ရင်း လူအများနှင့်အတူ ပျော်ရွှင်စွာ ဝင်ရောက်ကခုန်ခဲ့သည့် လန်ဒန်ရဲတပ်ဖွဲ့ဝင် အချို့၏ ဗီဒီယိုမှာ အင်တာနက်တွင် လူကြိုက်အများဆုံး ရယ်ရွှင်ဖွယ် မှတ်တမ်း တစ်ခုလည်း ဖြစ်လာခဲ့သည်။ ပွဲတော်တွင် အရက်သေစာ သောက်စားမှု၊ ရမ်းကားမှုကြောင့် လူပေါင်း (၁၆၀)ကျော်ကိုမူ ရဲများက ခေတ္တ ထိန်းသိမ်းခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် လန်ဒန် ကြက်ခြေနီ ရဲတပ်ဖွဲ့သည် ခိုက်ရန်ဖြစ်ပွားမှု ပြဿနာ အချို့ကြောင့် လူ(၃၀၀)ဝန်းကျင်ကို အသေးစား ကုသမှုများ ပြုလုပ်ပေးခဲ့ရကြောင်းလည်း ဆိုသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ်တွင် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် လူ(၁)သန်းကျော် တက်ရောက်ခဲ့သည်ဟုလည်း သတင်းများက ခန့်မှန်း ဖော်ပြသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်