Monday, September 02, 2013

အစ္စရေးနိုင်ငံလုပ် ဆက်သွယ်ရေး ဂြိုဟ်တုအား ဂြိုဟ်ပတ်လမ်းအတွင်းသို့ ရုရှားလွတ်တင်

Posted by drmyochit Monday, September 02, 2013, under | No comments


အစ္စရေးနိုင်ငံလုပ် AMOS - 4 ဆက်သွယ်ရေး ဂြိုဟ်တုကို Zenit ဒုံးပျံဖြင့် လွှတ်တင်စဉ်

ရုရှား နိုင်ငံသည် အစ္စရေး နိုင်ငံလုပ် Afro - Mediterranean Orbital System - 4 ( AMOS - 4 ) အမည်ရှိ ဆက်သွယ်ရေး ဂြိုဟ်တု တစ်လုံးကို Zenit - 2SB ဒုံးပျံဖြင့် ကာဇက်စတန် နိုင်ငံရှိ Baikonur ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ စက်တင်ဘာ ၁ ရက် ဒေသ စံတော်ချိန် ဝဝးဝ၅ နာရီ ( ဂရင်းနစ် စံတော်ချိန် သြဂုတ် ၃၁ ရက် ၂ဝးဝ၅ နာရီ )အချိန်တွင် ဂြိုဟ်ပတ်လမ်း အတွင်းသို့ လွှတ်တင် ခဲ့ကြောင်း ရုရှားအာကာသ
အေဂျင်စီက ထုတ်ပြန် ကြေညာ ခဲ့သည်ဟု CNN သတင်းဌာန ၏ Newsnow သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ ဆက်သွယ်ရေး ဂြိုဟ်တုကို အစ္စရေး အာကာသယာဉ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်းမှ ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ၄င်းကို လွှတ်တင် ခြင်းဖြင့် ရုရှား ၊ အရှေ့ အလယ်ပိုင်း ဒေသ ၊ အရှေ့တောင် အာရှနှင့် အလယ်အာရှ ဒေသတို့ရှိ အင်တာနက် အသုံးပြုသူ များအား DTH ၊ VSAT နှင့် Broadnand အင်တာနက် ဝန်ဆောင်မှုများ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

From: The Myawady Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်