ပြင်သစ်နိုင်ငံသည် ဆီးရီးယားအပေါ် တိုက်ခိုက်ရေးနှင့်ပတ်သက်၍ သုံးသပ်ဆုံးဖြတ်ရန် အမေရိကန် ကွန်ဂရက် နှင့် ပြင်သစ်ပါလီမန်တို့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း ပြင်သစ် သမ္မတရုံး တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမားက ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရ သည် ပြည်သူများကို ဓာတု လက်နက်များဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ဆီးရီး ယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်သင့်သည်ဟု ယုံကြည်ကြောင်း အိမ်ဖြူတော်၌ ထုတ်ဖော် ပြောကြားပြီး နောက်အဆိုပါ တာဝန်ရှိသူ၏ မှတ်ချက်ပြုပြောကြားချက် ပေါ်ထွက် လာခြင်းဖြစ် သည်။ ပြင်သစ်နိုင်ငံသည် ဆီးရီးယား အစိုးရကို စစ်ရေးအရ တိုက်ခိုက်ရေး အတွက် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒအရှိဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
ဆီးရီးယားအရေး ကိစ္စနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးရန် စက်တင်ဘာ ၄ ရက်တွင် ပြင်သစ်ပါလီမန်သို့ အဆိုပြုချက်တင်သွင်း သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဟော်လန်ဒ်က တယ်လီဖုန်းမှတစ်ဆင့် အိုဘားမား ကို ပြောကြားထားသည်။ ပြင်သစ် သမ္မတနှင့် အမေရိကန် သမ္မတ နှစ်ဦးစလုံးသည် အာဆတ် အစိုးရအနေ ဖြင့် ပြည်သူများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ထားပြီး ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း အတည်ပြုပြော ကြားထားသည်ဟု သိရသည်။
မြ၀တီ
Monday, September 02, 2013
ပြင်သစ်သည် ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ရေးနှင့် ပတ်သက်၍ အမေရိကန် ကွန်ဂရက်နှင့် ပြင်သစ်ပါလီမန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားမည်
Posted by drmyochit
Monday, September 02, 2013, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon


0 comments:
Post a Comment