Tuesday, July 10, 2012

ပွဲစားများကြောင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်သူများအခက်တွေ့

Posted by drmyochit Tuesday, July 10, 2012, under | No comments


ဇူလိုင် ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရန် မရှိ

Posted by drmyochit Tuesday, July 10, 2012, under | No comments

လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ နေရာအတွက် ခုနှစ်ရက်အတွင်း အမည်စာရင်း တင်သွင်းရန် ပြည်ထောင်စု လွှတ် တော်နာယကက တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ကို ပြောကြား ထားသည့် ခုနှစ် ရက်မြောက်နေ့ ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ခေါ်ယူရန် မရှိဟု ကြားသိရေ ကြာင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များကပြောကြားသည်။

လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်

Posted by drmyochit Tuesday, July 10, 2012, under | No comments


ယခုလ ၄ ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်ပုံများကို SKY Net ၏ လွှတ်တော်ရုပ်သံလိုင်းမှ စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်သော ပြည် သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်ထားကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော် များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ လွှတ်တော် ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ စမ်းသပ်ထုတ် လွှင့် ပေးသွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများ ကြေညာခဲ့သည်။ “တချို့ ရုပ်သံလိုင်းတွေ ဖမ်းယူသလို Remote Setting ထဲမှာ ဝင်ရောက်ပြင်စရာ မလိုပါဘူး။ ထပ်တိုးရုပ်သံလိုင်းအဖြစ်နဲ့ ထုတ် လွှင့်ထားတာမို့လို့ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ လွှတ်တော် Channel ဆိုပြီး လွှင့်ထားတာပါ” ဟု SKY Net အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

Posted by drmyochit Tuesday, July 10, 2012, under | No comments


ဒုတိယ သမ္မတ အဖြစ် တင်မြှောက် ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုး ပမ်းမယ့်သူ ဖြစ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါ တယ်။လွှတ်တော် အစည်းအ ဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်း တာ ကို ဖြေကြား ခဲ့တာပါ။

Monday, July 09, 2012

Posted by drmyochit Monday, July 09, 2012, under | No comments

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်-(မြန်မာပြည် နိုင်ငံရေးမဟုတ်ပါ)

တချိန်ချိန်မှာ..................

ကျနော်ဘယ်သူ့ ကိုမှ မဝေဖန်ပါဘူး
အနည်းဆုံးတော့  ပြည်သူ့  အသံနားထောင်ဖြစ်ပါတယ်

ကျနော်အတွက် ဘယ်နိုင်ငံကိုမှ မသွားခဲ့ ပါဘူး
သွားခဲ့ သမျှက နိုင်ငံ အတွက် ဖြစ်ခဲ့ ပါတယ်

ဘယ်သူက ဘယ်လိုလူစားမျိုးလဲ ကျနော်ဘယ်သူမှမပြောပါဘူး
ကျနော်ကိုတော့  ထင်သာမြင်သာရှိတဲ့ လူ လို့ တချို့ ကပြောတယ်

မီးလာအောင်လုပ်ရမယ်လို့  ကျနော်မပြောခဲ့ ပါဘူး
မီးစက်တွေတော့ အချိန်မှီ တင်သွင်းခဲ့ ပါတယ်

ကျနော် အကြွေးကျေဖို့  ဘယ်သူဆီမှ အောက်ကျမခံဖူးပါ
နိုင်ငံအကျွေးကျေဖို့  မျက်နှာ အောက်ကျဖူးပါတယ်

သူများသမိုင်း ကို ကျနော် မဝေဖန်ပါဘူး
ကျနော်သမိုင်းတော့  ကျနော်ကောင်းအောင်ရေးပါတယ်

စနစ်မကောင်းဘူးလို့  ကျနော် မကြေငြာပါဘူး
နောင်စနစ်ကောင်းအောင်တော့  ကျနော် ပြင်ဆင်နေပါတယ်

ကျနော် မြို့ သားတစ်ယောက် မဟုတ်ပါဘူး
မြန်မာနိုင်ငံသား အားလုံး မြို့ သားဖြစ်အောင် ကျနော် ဆင်းရဲမူ့ ပပျောက်ရေးအလုပ်ရုံတွေ ကျင်းပနေပါတယ်

ရခိုင်အရေး ကိုင်တွယ်တာ ပျော့ တယ်လို့  ဆိုကောင်းဆိုကျပါလိမ့် မယ်
ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူးလို့ တော့  ကြေငြာခဲ့ ပါတယ်

ပြည်သူ တွေကို ချစ်ပါတယ်လို့  စကားလုံးတွေကျနော်မသုံးပါ
ကျနော်လုပ်သမျှ အလုပ်တွေက ပြည်သူကိုချစ်ကြောင်း သက်သေပြပါလိမ်မယ်

ဆန်ရှင် ရုပ်သိမ်းဖို့  အချိန်မရောက်သေးဖူးလို့ တော့  ကျနော် မပြောလိုပါဘူး
ဆန်ရှင်ရုပ်သိမ်းချိန်တန်တဲ့  အချိန်ရောက်အောင်တော့  ကြိုးစားမယ်လို့ ပြောချင်ပါတယ်

ကျနော်ကို ကျနော် မြန် မာ့ ဒီမို ကရေစီကို ဦးဆောင်ခဲ့ သူလို့  မပြောလိုပါဘူး
မှန်ကန်တဲ့ ဒီမိုကရေစီစနစ်ကိုတော့  မျိုးစေ့ ချပေးသွားချင်ပါတယ်


ကျနော်နိုဘလ်ဆုကိုမျှော်မှန်းပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခြင်းမဟုတ်ပါဘူး
တိုင်းပြည်အတွက်အလုပ်လုပ်ရင်းနဲ့ တော့  နိုဘလ်ဆုရကောင်းရနိုင်ပါတယ်......

နောင်တချိန်မှာ
နာမည်စွန်းထင်းမူ့ မရှိတဲ့ 
တိုင်းပြည်စစ်သားကောင်းတစ်ယောက်
နိုင်ငံတော်ဗိုလ်ချုပ်တစ်ယောက်
နိုင်ငံတော် ၀န်ကြီးချူပ်တစ်ယောက်
နိုင်ငံတော် သမ္မတ တစ်ယောက်အဖြစ်.............

ကျနော်ရေးခဲ့ သမျှသမိုင်း နှောင်းလူများကသာ ဆုံးဖြတ်ကြပါစေ.........(မင်းသန့် )

မူရင်း လင့် - http://www.facebook.com/khin.m.nwe.7 

ဒီမိုကရေစီကနုနုမုန်တိုင်းကထန်ထန်(ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက)

Posted by drmyochit Monday, July 09, 2012, under | No comments


မန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ၊ ရင်မ နေရတော့သည်။ ဤအခိုက်မှာပင်၊ ဘယ်(လ)ဂျီယံနိုင်ငံ၊ ဘရပ်ဆဲ(လ) အခြေစိုက် ‘International Crisis Group’ ၏ ၂၀၁၂ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ‘Reform in Myanmar: One Year On’ အမည်ရှိ စာတမ်းကို ဖတ်လိုက်ရရာ၊ ပို၍ပင် ဂရုဓမ္မထား စောင့်ကြည့်နေမိသည်။ အဆိုပါစာတမ်းက ၊ မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်းထိုးပြထား သလို၊ ဖြစ်တန် ရာစိန်ေ ခါ် ချက်များကိုလည်း ဖော်ထုတ် သတိပေးထားသည်။ ဆိုခဲ့ပါစိန်ခေါ်ချက်များထဲမှ တစ်ခုမှာ - ယခုလို … ၊ “ အပြောင်းအလဲများကြောင့်၊ လူထု၏ မျှော်လင့်ချက်များမြင့်မားလာချိန်၊ ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန် …၊ ဤကဲ့သို့သော အခြေအနေ အချိန်အခါမျိုးတွင် မတည်ငြိမ် မှုများထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည် …။” - စသဖြင့်။

တူရကီနိုင်ငံသည် အာဖဂန်နစ္စတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထောက်ကူပေးသွားမည်ဟုဆို

Posted by drmyochit Monday, July 09, 2012, under | No comments

အာဖဂန်နစ္စတန် နိုင်ငံအတွင်း NATO တပ်ဖွဲ့၏ လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး  စီမံကိန်းများအတွက် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း တူရကီက အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ထောက်ပံ့ ပေးအပ် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ အာဖဂန် နစ္စတန်နိုင်ငံအားထောက်ပံ့ပေးမည့် အစီအစဉ်အား ဇူလိုင်လ ၇ ရက်နေ့က တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဖဂန် နစ္စတန်နိုင်ငံဆိုင်ရာ နိုင်ငံတကာညီလာခံ၌ တူရကီဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး ဆက်ဒက်ယီမက်ဇ်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအနက်လေ့ကျင့်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာ ရေးကဏ္ဍရပ်များ အပါအဝင် လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းရည်တည်ဆောက်ရေး ကဏ္ဍရပ်များအား အလေးထား သွားမည်ဖြစ်ကြောင်းနှင့် တူရကီနိုင်ငံ အနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးရေး၊ အခြေခံ အဆောက်အအုံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့် ကဏ္ဍရပ်များ တွင်လည်းထောက်ကူ ပေးသွားမည်ဖြစ်ကြောင်း ယီမက်ဇ်က ပြောကြားခဲ့ပါသည်။ 

ထို့အပြင် တူရကီနိုင်ငံသည် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၆ဝထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ယီမက်ဇ်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

Gallexy S2 ဖုန်းကို သုံး၍ ဘိုးဘွားကျောက်စိမ်းများကို မရမ်းကုန်း၌ တူးဖော်ရခဲ့

Posted by drmyochit Monday, July 09, 2012, under | No comments


တောင်ကိုရီးယားလေတပ်သည် တိုက်လေယာဉ်အသစ်များဝယ်ယူရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲလျက်ရှိ

Posted by drmyochit Monday, July 09, 2012, under | No comments

          တောင်ကိုရီးယား ထိပ်တန်း နိုင်ငံရေးသမားများက မျိုးဆက်သစ် တိုက်လေယာဉ်အစင်း ၆ဝ ဝယ်ယူရေး အစီအစဉ်အား ဒီဇင်ဘာလ သမ္မတ ရွေးကောက်ပွဲပြီးနောက် လာမည့် ၂ဝ၁၃ ခုနှစ်ထိ ရပ်ဆိုင်း ထားသင့်ကြောင်း ပြောကြားခဲ့မှုကို ကိုရီးယား လေတပ်အဆင့်မြင့် အရာရှိများက ကန့်ကွက်ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ လေတပ်ဖွဲ့တွင် အသုံးပြုနေသော တိုက်လေယာဉ် ထက်ဝက်ခန့်မှာ သက်တမ်း အလွန်ကျော်လွန်နေပြီး F-5 တိုက်လေယာဉ်အခိျု့မှာလည်း လာမည့် ၂ဝ၁၃ ခုနှစ်တွင် အနားပေး ထားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုက်လေယာဉ်များ ဝယ်ယူရေးအစီအစဉ်ကို ကနဦး စီစဉ်ထားသည့်အတိုင်းရှေ့ဆက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်းလေတပ်ဖွဲ့ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ဇူလိုင်လ ၇ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ 

 FX III စီမံကိန်းအရ တောင်ကိုရီးယား လေတပ်ဖွဲ့သည် လာမည့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်းတွင် ၎င်း၏သက်တမ်းကျော်လွန်နေသော တိုက်လေယာဉ်များနေရာတွင် ရေဒါရှောင်ကွင်းနိုင်သည့် ခေတ်မီတိုက် လေယာဉ်အစင်း ၆ဝ ဖြင့် အစားထိုး သွားရန် ရည်ရွယ်ထားပြီး အဆိုပါစီမံကိန်းအရ ဝမ် ၈.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ) ကုန်ကျမည် ဖြစ်ပါသည်။ အဆိုပါ လေယာဉ်များ ဝယ်ယူရေး အစီအစဉ်ကို အစိုးရသစ် လက်ထက်မှသာ အတည်ပြုမည် ဆိုပါက နောက်ထပ် အချိန် ၃ နှစ်အထိ ကြန့်ကြာသွားနိုင်ကြောင်း သိရှိရပါသည်။

အာဆီယံလူ့အခွင့်အရေးစာတမ်းနိုင်ငံတကာစံချိန်မှီဖို့HRWတိုက်တွန်း

Posted by drmyochit Monday, July 09, 2012, under | No comments

မြန်မာနိုင်ငံ အပါအ၀င် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ရေးဆွဲဖို့နဲ့ ပြည်သူလူထုအတွက် အာမခံဖို့ လိုအပ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့် ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch (HRW)ကတောင်းဆိုလိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဟာ ဒီလူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲရေး ကိစ္စ နဲ့ပတ်သက်ပြီး ဖနွမ်ပင်မြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီမူကြမ်းကို တံခါးပိတ် ညှိနှိုင်းေ ဆွးနွေးတဲ့ လုပ်ရပ်ဟာအဓိပ္ပါယ်မရှိဘူးလို့
HRWအဖွဲ့ကပြောပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အစိုးရ အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၀၉ ခုနှစ်မှာ ဖွဲ့ စည်းခဲ့တာပါ။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းက အဖွဲ့ဝင် နိုင်ငံတွေကြား လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဒီစာတမ်းကို အာဆီယံ ခေါင်းဆောင်တွေက အခုနှစ်နှောင်းပိုင်းမှာ အတည်ပြုပေးဖို့ရှိနေပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ ဒီကြေညာစာတမ်းကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း
HRW အဖွဲ့ကြီးကတိုက်တွန်းထားပါတယ်။
အာဆီယံအဖွဲ့အတွင်းက တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ကြေညာစာတမ်းအတွက် နိုင်ငံအတွင်းက လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ တချို့နိုင်ငံတွေကတော့ မျက်နှာ သာေ ပး ရွေး ချယ်ထားတဲ့ အဖွဲ့တွေနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့ကြတယ်လို့
HRW အဖွဲ့ က ထောက်ပြ ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း

Posted by drmyochit Monday, July 09, 2012, under | No comments

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် အတိတ်ကာလ တင်းမာမှုများအားမေ့ပျောက်ပြီး အနာဂတ်အရေးအား ဦးတည်လုပ်ဆောင် နေကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘနီခါနှင့် တိုကျိုမြို့တွင် ဇူလိုင်လ ၈ ရက်နေ့ကတွေ့ဆုံဆွေးနွေးပြီးနောက်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်ဦး၏တွေ့ဆုံဆွေးနွေးမှုသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက အာဖဂန်ထောက်ပံ့ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ရန် သဘောတူညီမ ရရှိပြီးသည့်အချိန်မှစ၍ ပထမဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်သော အာဖဂန်နစ္စတန်ဆိုင်ရာဆွေးနွေးပွဲ၌ သီးခြားတွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်ပါသည်။

နှစ်နိုင်ငံစလုံးသည် အနာဂတ် စိန်ခေါ်မှုများအပေါ် အလေးထား သွားမည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် အခက်အခဲများ ဆက်ရှိနေနိုင်ကြောင်း ကလင်တန်က သတိပေးပြောကြားခဲ့ပါသည်။ထောက်ပံ့ရေး လမ်းကြောင်းပြန်လည်ဖွင့်လှစ်ရေး သဘောတူညီမှု၏ တစ်စိတ် တစ်ပိုင်းအဖြစ်  အမေရိကန်သည် သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်မှု ကုန်ကျစရိတ်အတွက် မဟာမိတ်ထောက်ပံ့ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကို ပါကစ္စတန်စစ်ဘက်သို့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သြစတြေးလျရေတပ်သည် ဂျပန်ရေငုပ်သင်္ဘောအသစ်များအား လေ့လာသွားမည်ဟုဆို

Posted by drmyochit Monday, July 09, 2012, under | No comments

         သြစတြေးလျ ရေတပ်၏ အနာဂတ်ရေငုပ်သင်္ဘော အစီအစဉ်ဆိုင်ရာ အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ရိုဝမ်မော့ဖစ်နှင့် ကာကွယ်ရေး သိပ္ပံအကြီးအကဲဒေါက်တာ အလက်ဇန္ဒားဇီလင်းစကီးတို့သည် ဂျပန်ရေတပ်တွင် အသုံးပြုနေသောခေတ်မီရေငုပ် သင်္ဘောသစ်ဖြစ်သည့် Soryu အတန်းအစားရေငုပ်သင်္ဘောများအားလေ့လာရန် အတွက် ဇူလိုင်လအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်မည်ဟု သိရှိရပါသည်။ ၎င်းရေငုပ်သင်္ဘော များသည် ဂျပန်ရေတပ်တွင် လွန်ခဲ့သော ၃ နှစ်ခန့်က စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲ လုပ်ဆောင်သွားမည်မဟုတ်ဟုဆို

Posted by drmyochit Monday, July 09, 2012, under | No comments

          ထိုင်းရတ်ထိုင်းပါတီမှ လွှတ်တော် အမတ်ဟောင်း ၁၁၁ ဦးအား နိုင်ငံရေး မပြုလုပ်ရန် ပိတ်ပင်တားမြစ် ထားသည့်ကာလသည် ပြည့်မြောက်ခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ ဖိအားပေး တောင်းဆိုမှုကြောင့် အာဏာရဖြူထိုင်း ပါတီသည် အစိုးရအဖွဲ့ အပြောင်းအလဲ အားသြဂုတ်လ ၁ ရက်မတိုင်မီ ပြုလုပ်မည်ဆိုသော သတင်းကို ဖြူထိုင်း ပါတီက ဇူလိုင်လ ၈ ရက်နေ့တွင် ငြင်းဆိုခဲ့ပါသည်။ လက်ရှိအစိုးရအဖွဲ့ တာဝန်ထမ်းဆောင်သည်မှာ ၁ နှစ်ခန့် ရှိပြီဖြစ်သည့်အတွက် မီဒီယာများက ထင်ကြေးပေးသည့် သတင်းများသာဖြစ်ကြောင်းဖြူထိုင်းပါတီ ပြောရေး ဆိုခွင့်ရှိသူ ပရွန်ပေါင်နိုပါရစ် ကပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်လပ်အနေဖြင့် အစိုးရအဖွဲ့ အပြောင်းအလဲလုပ်မည့် အရိပ်လက္ခဏာမရှိကြောင်း၊ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်မည်ဆိုပါက လည်းအဖွဲ့အစည်း တစ်ခု၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ မူဝါဒများကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်နိုင်ရေး အတွက်သာ ရည်ရွယ်ဆောင်ရွက်မည် ဖြစ်ကြောင်း ပရွန်ပေါင်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
           Dr Myo Chit

တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် တရုတ်ပို့ကုန်များ အရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည်ဟုဆို

Posted by Anonymous Monday, July 09, 2012, under | No comments


အမေရိကန်နိုင်ငံသည် တရုတ်ပို့ကုန်များ၏ တစ်ဘက်စောင်းနင်း အလေးသာမှုကို ထိန်းညှိရန်အတွက် တရုတ်ပို့ကုန် ၂၂ မျိုး အပေါ်ထိန်းချုပ်သည့် အစီအစဉ်များချမှတ် ဆောင်ရွက်ခဲ့ရာ အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တရားဝင်ဆွေးနွေးညှိနှိုင်းမှုများ မကြာမီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ကျေးဇူးကြီးတဲ့ အမေစု

Posted by Anonymous Monday, July 09, 2012, under | No comments


ဒေါက်တာမျိုးချစ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်