Monday, July 09, 2012

တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် တရုတ်ပို့ကုန်များ အရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည်ဟုဆို

Posted by Anonymous Monday, July 09, 2012, under | No comments


အမေရိကန်နိုင်ငံသည် တရုတ်ပို့ကုန်များ၏ တစ်ဘက်စောင်းနင်း အလေးသာမှုကို ထိန်းညှိရန်အတွက် တရုတ်ပို့ကုန် ၂၂ မျိုး အပေါ်ထိန်းချုပ်သည့် အစီအစဉ်များချမှတ် ဆောင်ရွက်ခဲ့ရာ အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တရားဝင်ဆွေးနွေးညှိနှိုင်းမှုများ မကြာမီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန်က ပစ်မှတ်ထားသည့် တရုတ်ပို့ကုန် ၂၂ မျိုးမှာ သံမဏိ၊ ဆိုလာပြားနှင့် စက္ကူစသည်တို့ ပါဝင်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၂၉ ဘီလီယံရှိပါသည်။ အဆိုပါ ကိစ္စရပ်ကို ညှိနှိုင်းဖြေရှင်းပေးရန် တရုတ်နိုင်ငံကမေလ ၂၅ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO)၏ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံသို့ အကြံဥာဏ် တောင်းခံခဲ့ပါသည်။

 ဆွေးနွေးညှိနှိုင်းမှုများအား ဇူလိုင်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ WTO စည်းမျဉ်းများအရ အကြံဥာဏ် တောင်းခံတင်ပြပြီးနောက် ရက်ပေါင်း ၆ဝ အတွင်းကျေနပ်ဖွယ် အဖြေမရပါက တရုတ်နိုင်ငံအနေဖြင့် WTO တွင် အမှုကြားနာ စစ်ဆေးရေး အဖွဲ့ တစ်ရပ်ဖွဲ့စည်းပေးရန် တောင်းခံနိုင်ပါသည်။ အမေရိကန်၏ လုပ်ရပ်သည် WTO စည်းမျဉ်းများကို ချိုးဖောက် သောမှားယွင်း သည့်လုပ်ရပ်များ ဖြစ်ကြောင်းသိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်