Monday, July 09, 2012

ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲ လုပ်ဆောင်သွားမည်မဟုတ်ဟုဆို

Posted by drmyochit Monday, July 09, 2012, under | No comments

          ထိုင်းရတ်ထိုင်းပါတီမှ လွှတ်တော် အမတ်ဟောင်း ၁၁၁ ဦးအား နိုင်ငံရေး မပြုလုပ်ရန် ပိတ်ပင်တားမြစ် ထားသည့်ကာလသည် ပြည့်မြောက်ခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ ဖိအားပေး တောင်းဆိုမှုကြောင့် အာဏာရဖြူထိုင်း ပါတီသည် အစိုးရအဖွဲ့ အပြောင်းအလဲ အားသြဂုတ်လ ၁ ရက်မတိုင်မီ ပြုလုပ်မည်ဆိုသော သတင်းကို ဖြူထိုင်း ပါတီက ဇူလိုင်လ ၈ ရက်နေ့တွင် ငြင်းဆိုခဲ့ပါသည်။ လက်ရှိအစိုးရအဖွဲ့ တာဝန်ထမ်းဆောင်သည်မှာ ၁ နှစ်ခန့် ရှိပြီဖြစ်သည့်အတွက် မီဒီယာများက ထင်ကြေးပေးသည့် သတင်းများသာဖြစ်ကြောင်းဖြူထိုင်းပါတီ ပြောရေး ဆိုခွင့်ရှိသူ ပရွန်ပေါင်နိုပါရစ် ကပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်လပ်အနေဖြင့် အစိုးရအဖွဲ့ အပြောင်းအလဲလုပ်မည့် အရိပ်လက္ခဏာမရှိကြောင်း၊ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်မည်ဆိုပါက လည်းအဖွဲ့အစည်း တစ်ခု၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ မူဝါဒများကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်နိုင်ရေး အတွက်သာ ရည်ရွယ်ဆောင်ရွက်မည် ဖြစ်ကြောင်း ပရွန်ပေါင်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
           Dr Myo Chit

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်