Monday, July 09, 2012

သြစတြေးလျရေတပ်သည် ဂျပန်ရေငုပ်သင်္ဘောအသစ်များအား လေ့လာသွားမည်ဟုဆို

Posted by drmyochit Monday, July 09, 2012, under | No comments

         သြစတြေးလျ ရေတပ်၏ အနာဂတ်ရေငုပ်သင်္ဘော အစီအစဉ်ဆိုင်ရာ အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ရိုဝမ်မော့ဖစ်နှင့် ကာကွယ်ရေး သိပ္ပံအကြီးအကဲဒေါက်တာ အလက်ဇန္ဒားဇီလင်းစကီးတို့သည် ဂျပန်ရေတပ်တွင် အသုံးပြုနေသောခေတ်မီရေငုပ် သင်္ဘောသစ်ဖြစ်သည့် Soryu အတန်းအစားရေငုပ်သင်္ဘောများအားလေ့လာရန် အတွက် ဇူလိုင်လအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်မည်ဟု သိရှိရပါသည်။ ၎င်းရေငုပ်သင်္ဘော များသည် ဂျပန်ရေတပ်တွင် လွန်ခဲ့သော ၃ နှစ်ခန့်က စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

 Soryu နည်းပညာလေ့လာရေးနှင့် ပတ်သက်၍ လွန်ခဲ့သော ဇွန်လအတွင်း ဂျပန်ရေတပ်ဦးစီးချုပ်ရေတပ်ဗိုလ်ချုပ်ကြီး မာဆာဟီကိုဆူဂျီမိုတိုသြစတြေးလျသို့ အလည်အပတ် လာရောက်စဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ တန်ချိန် ၄၂ဝဝ ရှိ Soryu အတန်းအစားရေငုပ်သင်္ဘောများသည် အရွယ်အစားနှင့် စွမ်းဆောင်ရည်မှာ သမားရိုးကျ ရေငုပ်သင်္ဘောများ အတိုင်းဖြစ်ပါသည်။ 
  
  ၂ဝ၁၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၁၄ သန်း ခွဲဝေရရှိမှုအရသြစတြေးလျရေတပ်သည်ရေငုပ်သင်္ဘော ပုံစံသစ်ရွေးချယ်ရေး လုပ်ငန်းအားအရှိန် အဟုန် မြှင့်လုပ်ဆောင်လျက်ရှိပြီး ရွေးချယ်ထားသည့် ရေငုပ်သင်္ဘော အမျိုးအစား ၄ မျိုးမှာ MOTS ရေငုပ် သင်္ဘော၊ အဆင့်မြှင့် တင်ထားသည့် အကြီးစား MOTS ရေငုပ်သင်္ဘော၊ Collins အတန်းအစားရေငုပ် သင်္ဘော နှင့်သြစတြေးလျလုပ် ပုံစံသစ်ရေငုပ် သင်္ဘောတို့ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်