Monday, July 09, 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း

Posted by drmyochit Monday, July 09, 2012, under | No comments

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် အတိတ်ကာလ တင်းမာမှုများအားမေ့ပျောက်ပြီး အနာဂတ်အရေးအား ဦးတည်လုပ်ဆောင် နေကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘနီခါနှင့် တိုကျိုမြို့တွင် ဇူလိုင်လ ၈ ရက်နေ့ကတွေ့ဆုံဆွေးနွေးပြီးနောက်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်ဦး၏တွေ့ဆုံဆွေးနွေးမှုသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက အာဖဂန်ထောက်ပံ့ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ရန် သဘောတူညီမ ရရှိပြီးသည့်အချိန်မှစ၍ ပထမဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်သော အာဖဂန်နစ္စတန်ဆိုင်ရာဆွေးနွေးပွဲ၌ သီးခြားတွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်ပါသည်။

နှစ်နိုင်ငံစလုံးသည် အနာဂတ် စိန်ခေါ်မှုများအပေါ် အလေးထား သွားမည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် အခက်အခဲများ ဆက်ရှိနေနိုင်ကြောင်း ကလင်တန်က သတိပေးပြောကြားခဲ့ပါသည်။ထောက်ပံ့ရေး လမ်းကြောင်းပြန်လည်ဖွင့်လှစ်ရေး သဘောတူညီမှု၏ တစ်စိတ် တစ်ပိုင်းအဖြစ်  အမေရိကန်သည် သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်မှု ကုန်ကျစရိတ်အတွက် မဟာမိတ်ထောက်ပံ့ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကို ပါကစ္စတန်စစ်ဘက်သို့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်