Monday, July 09, 2012

တူရကီနိုင်ငံသည် အာဖဂန်နစ္စတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထောက်ကူပေးသွားမည်ဟုဆို

Posted by drmyochit Monday, July 09, 2012, under | No comments

အာဖဂန်နစ္စတန် နိုင်ငံအတွင်း NATO တပ်ဖွဲ့၏ လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး  စီမံကိန်းများအတွက် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း တူရကီက အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ထောက်ပံ့ ပေးအပ် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ အာဖဂန် နစ္စတန်နိုင်ငံအားထောက်ပံ့ပေးမည့် အစီအစဉ်အား ဇူလိုင်လ ၇ ရက်နေ့က တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဖဂန် နစ္စတန်နိုင်ငံဆိုင်ရာ နိုင်ငံတကာညီလာခံ၌ တူရကီဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး ဆက်ဒက်ယီမက်ဇ်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအနက်လေ့ကျင့်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာ ရေးကဏ္ဍရပ်များ အပါအဝင် လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းရည်တည်ဆောက်ရေး ကဏ္ဍရပ်များအား အလေးထား သွားမည်ဖြစ်ကြောင်းနှင့် တူရကီနိုင်ငံ အနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးရေး၊ အခြေခံ အဆောက်အအုံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့် ကဏ္ဍရပ်များ တွင်လည်းထောက်ကူ ပေးသွားမည်ဖြစ်ကြောင်း ယီမက်ဇ်က ပြောကြားခဲ့ပါသည်။ 

ထို့အပြင် တူရကီနိုင်ငံသည် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၆ဝထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ယီမက်ဇ်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်