Monday, July 09, 2012

မြန်မာပြည်သူ/သားတွေ အားလုံးချစ်တဲ့သမ္မတကြီး ဦးသိန်းစိန်ဆိုတာ သူပေါ့

Posted by drmyochit Monday, July 09, 2012, under | No comments

သူ ပေါ့..............။
ဒုတိယ ဘုရားသခင်လည်းမဟုတ်ပါဘူး.။

သူပေါ့............။
သူများတွေလို ထောက်ခံမူ့  အများကြီးလည်းမရပါဘူး။

သူပေါ့.............။
နိုင်ငံတကာမှာလည်း နာမည်မကြီးပါဘူး..။

သူပေါ့...........။
ဆုတွေအများကြီးလည်းမရဖူးပါဘူး..။

သူပေါ့..........။
အဖေအဖေလို့ လည်း မခေါ်ခံရပါဘူး..။

သူပေါ့............။
နှလုံးခုန်စက်ထည့်ထားတာတောင် မနားမနေအလုပ်လုပ်နေသူပေါ့.။

သူပေါ့........။
သတ်မှတ်ထားတဲ့ လစာသိန်း(၅၀)ကို မယူပဲ အရင်လက်ဟောင်းလစာလေးကိုသာ စားသုံးနေသူပေါ့..။

သူပေါ့.........။
ရိုးရိုးနဲ့  နေထိုင်တက်သူ ဧရာဝတီတိုင်းသား တစ်ဦးပေါ့.။
 သူပေါ့.....။
သူကြောင့်နဲ့ တော့  အွန်လိုင်းမှာ ဘယ်တော့ မှ ရန်မဖြစ်အောင်ပြောဆိုနေထိုင်သူတစ်ဦးပေါ့။
 သူပေါ့.........။
စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သူတစ်ဦးပေါ့...။

သူပေါ့........။
သံသယမျက်လုံးပေါင်းများစွာထဲက အပြုံးမပျက်ပဲ ကိုယ်အလုပ်ကိုယ်လုပ်နေသူတစ်ဦးပေါ့။သူပေါ့.....။
ဘယ်သူချစ်ချစ် မချစ်ချစ် သမ္မတကြီးကို ကျွန်တော်/မ တို့အားလုံးချစ်တယ်။
                                                                                                          Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်