Monday, July 09, 2012

အာဆီယံလူ့အခွင့်အရေးစာတမ်းနိုင်ငံတကာစံချိန်မှီဖို့HRWတိုက်တွန်း

Posted by drmyochit Monday, July 09, 2012, under | No comments

မြန်မာနိုင်ငံ အပါအ၀င် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ရေးဆွဲဖို့နဲ့ ပြည်သူလူထုအတွက် အာမခံဖို့ လိုအပ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့် ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch (HRW)ကတောင်းဆိုလိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဟာ ဒီလူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲရေး ကိစ္စ နဲ့ပတ်သက်ပြီး ဖနွမ်ပင်မြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီမူကြမ်းကို တံခါးပိတ် ညှိနှိုင်းေ ဆွးနွေးတဲ့ လုပ်ရပ်ဟာအဓိပ္ပါယ်မရှိဘူးလို့
HRWအဖွဲ့ကပြောပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အစိုးရ အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၀၉ ခုနှစ်မှာ ဖွဲ့ စည်းခဲ့တာပါ။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းက အဖွဲ့ဝင် နိုင်ငံတွေကြား လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဒီစာတမ်းကို အာဆီယံ ခေါင်းဆောင်တွေက အခုနှစ်နှောင်းပိုင်းမှာ အတည်ပြုပေးဖို့ရှိနေပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ ဒီကြေညာစာတမ်းကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း
HRW အဖွဲ့ကြီးကတိုက်တွန်းထားပါတယ်။
အာဆီယံအဖွဲ့အတွင်းက တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ကြေညာစာတမ်းအတွက် နိုင်ငံအတွင်းက လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ တချို့နိုင်ငံတွေကတော့ မျက်နှာ သာေ ပး ရွေး ချယ်ထားတဲ့ အဖွဲ့တွေနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့ကြတယ်လို့
HRW အဖွဲ့ က ထောက်ပြ ပြောဆိုထားပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်