တောင်ကိုရီးယား
ထိပ်တန်း နိုင်ငံရေးသမားများက မျိုးဆက်သစ် တိုက်လေယာဉ်အစင်း ၆ဝ ဝယ်ယူရေး အစီအစဉ်အား
ဒီဇင်ဘာလ သမ္မတ ရွေးကောက်ပွဲပြီးနောက် လာမည့် ၂ဝ၁၃ ခုနှစ်ထိ ရပ်ဆိုင်း ထားသင့်ကြောင်း
ပြောကြားခဲ့မှုကို ကိုရီးယား လေတပ်အဆင့်မြင့် အရာရှိများက ကန့်ကွက်ပြောကြား ခဲ့ကြောင်း
သိရှိရပါသည်။ လေတပ်ဖွဲ့တွင် အသုံးပြုနေသော တိုက်လေယာဉ် ထက်ဝက်ခန့်မှာ သက်တမ်း အလွန်ကျော်လွန်နေပြီး F-5 တိုက်လေယာဉ်အခိျု့မှာလည်း လာမည့် ၂ဝ၁၃
ခုနှစ်တွင် အနားပေး ထားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုက်လေယာဉ်များ ဝယ်ယူရေးအစီအစဉ်ကို
ကနဦး စီစဉ်ထားသည့်အတိုင်းရှေ့ဆက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်းလေတပ်ဖွဲ့ အဆင့်မြင့်တာဝန်ရှိသူ
တစ်ဦးက ပြောကြားခဲ့သည်ဟု ဇူလိုင်လ ၇ ရက်နေ့ Newsnow
သတင်းတစ်ရပ်အရ သိရှိရပါသည်။
FX III
စီမံကိန်းအရ တောင်ကိုရီးယား လေတပ်ဖွဲ့သည် လာမည့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်းတွင်
၎င်း၏သက်တမ်းကျော်လွန်နေသော တိုက်လေယာဉ်များနေရာတွင် ရေဒါရှောင်ကွင်းနိုင်သည့် ခေတ်မီတိုက်
လေယာဉ်အစင်း ၆ဝ ဖြင့် အစားထိုး သွားရန် ရည်ရွယ်ထားပြီး အဆိုပါစီမံကိန်းအရ ဝမ် ၈.၃ ထရီလီယံ
(အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ) ကုန်ကျမည် ဖြစ်ပါသည်။ အဆိုပါ လေယာဉ်များ ဝယ်ယူရေး အစီအစဉ်ကို
အစိုးရသစ် လက်ထက်မှသာ အတည်ပြုမည် ဆိုပါက နောက်ထပ် အချိန် ၃ နှစ်အထိ ကြန့်ကြာသွားနိုင်ကြောင်း
သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment