နေပြည်တော်၊ ဒီဇင်ဘာ ၁၇
၁၆-၁၂-၂၀၁၂ ရက်နေ့ ၁၆၀၃ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ နေပြည်တော်သို့ထွက်ခွာ လာသည့် အမှတ်(၁၀၂)အစုန်စာပို့ရထားသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဒလန့်ချွန်ဘူတာနှင့် မင်းပြင် ဘူတာအကြား မိုင်တိုင်အမှတ်(၂၆၀/၇)နှင့် (၂၆၁)ကြားတွင် ဂတ်ဗိုလ်တွဲမှ ဘီးအမှတ်(၁/၂)မှာ လမ်း အပြင်သို့လည်းကောင်း၊ ဘီးအမှတ်(၇/၈)မှာလမ်းအတွင်းသို့လည်းကောင်း ချော်ကျခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ယနေ့နံနက် ၀၄၁၅ အချိန်က ခေါင်းဆောင်စိစစ်ဆဲ ကေအိုင်အေသောင်းကျန်းသူ(၈၀)ဦးခန့်သည် ဖား ကန့် မြို့နယ်၊ ကာမိုင်းရဲစခန်းအား အာပီဂျေလက်နက်ကြီးများဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက် ခဲ့ကြ သည်။ တိုက်ပွဲဖြစ်ပွားသည်နှင့် ကာမိုင်းရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ရဲစခန်းဝင်းအတွင်းမှ ပြန်လည် ခုခံ တိုက် ခိုက် ခဲ့ကြသော်လည်း သောင်းကျန်းသူများက ကျည်အား လူအားဖြင့်ဖိ၍ ရဲစခန်း ရုံးအား ၀င်ရောက် စီးနင်း ဖျက်ဆီး ပြီး နံနက် ၀၅၃၀ အချိန်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။
အသုံးပြုဖော်ပြခြင်းအတွက် ဆောင်းပါးရှင် အပါအ၀င်ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး
အကြောင်းကြားကန့်ကွက် သွား
မည်ဖြစ်ကြောင်း ပရိသတ်များအား အသိပေးရှင်းလင်းချက်
၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွက် (ယခုရက်ပိုင်းတွင်)ထွက်ရှိလာသော ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင် ညီမနှင့်ပတ်သက်သည့်ဆောင်းပါးနှင့် ထိုဆောင်းပါးနှင့်အတူ ညီမ၏ဓါတ်ပုံများဖော်ပြ ပါရှိလာပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ညီမ(နန်းခင်ဇေယျာ)ကို အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသောပရိသတ်များ၏ မေးမြန်းမှုများ၊ ဝေဖန်အကြံပြုမှုစာများကို လက်ခံရရှိခဲ့ပါသည်။
ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက်( ၄ ) နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင် အား ( ၇၀ ) ခန့် လာ ရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )ဦးကျဆုံး သွား ကြောင်း သိရသည်။
ကချင် ပြည်နယ် ဖားကန့်မြို့နယ်ကာမိုင်းမြို့နယ်(ခွဲ)ရဲစခန်းအား ဒီဇင်ဘာ၁၈ ရက် နံနက် ၄ နာရီခွဲ အချိန် တွင် KIAတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကာမိုင်းမြို့ဒေသခံများထံမှ သတင်း ရရှိ သည်။
မန္တလေးတိုင်း ဒေသကြီး ၊မိတ္ထီလာမြို့နယ် ၊အုံတုံကျေးရွာတွင် အိမ်သာကျင်းဆင်းဆည်ရာမှ လူငါးဦး သေဆုံးပြီး လူတစ်ဦး သတိလစ် မေ့မျော သွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
ယူအေအီး နိုင်ငံ ဒူဘိုင်းတွင် အသက် (၃၀) နှစ် အရွယ် ဥရောပ သီလရှင် တစ်ဦးက သူမအား အသက် (၄၀) နှစ်အရွယ် အီရန် နိုင်ငံသား အမျိုးသားက ၎င်း၏ အိမ်တွင် သူမအား အလို မတူဘဲ အဓမ္မ ပြုကျင့် ခဲ့ပါ သည်ဟု ရဲများကို တိုင်ကြား ခဲ့ရာတွင် သူမအား ကြားနာ စစ်ဆေး ချက်များ အရ နောက်ဆုံး၌ သူမ ကိုယ်တိုင်က နှစ်ဦးသဘောတူ အတူ နေခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် ဖခင်ဖြစ်သူက ခြောက်နှစ် အရွယ် ၎င်း၏ သမီးအား အရက် အတင်း တိုက်ခဲ့ကာ မတရားပြု ကျင့်ခဲ့ကြောင်း မိခင် ဖြစ်သူက တိုင်ကြား ခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်မိုင်းဖုန်း (က) အုပ်စု ဝမ်းနား ကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁
နာရီ ခွဲက တစ်ဖက် နိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် လိမ်လည်၍ အမျိုးသမီးများ ခေါ်ဆောင် ထားသူကို ဖမ်းဆီး ရမိခဲ့သည်။
နယူးဇီလန်နိုင်ငံမှ တိရစ္ဆာန်လေ့ ကျင့်သင်ကြားပေးရေး အဖွဲ့တစ်ဖွဲ့သည် ကယ်ဆယ်ရေးတွင် အသုံးပြု သည့် ခွေးသုံးကောင်အား ကားမောင်း တတ်စေရန် လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
Sunday, 09 December 2012
လကမ္ဘာကို အပျော်ခရီး သွားနိုင်ဖို့ အမေရိကန်နိုင်ငံမှ Golden spike အမည် ရ ပို့ဆောင်ဆက်သွယ်ရေး ကုမ္မ ဏီက စလုပ်ပေးပြီ ဖြစ်ပါတယ်။ တစ်နှစ်ကို အနည်းဆုံး ၂ ခေါက်ပို့ပေးမှာ ဖြစ်ပြီး တစ်ခေါက်မှာ ခရီးသည် ၂ ဦးပဲ လက်ခံမှာ ဖြစ်ပါတယ်။
ပိုင်နက် အငြင်းပွား မှုကြောင့် ဒေသတွင်း တင်းမာခဲ့ အသစ် တက်မယ့် ဂျပန် အစိုးရသစ် အနေနဲ့ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံကြား အတိမ်းအစောင်းမခံတဲ့ ကိစ္စတွေကို အသေအချာ ကိုင်တွယ် ဖြေရှင်းပေးဖို့ တရုတ် အစိုး ရက တိုက်တွန်း လိုက်ပါတယ်။တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဂျပန် လွှတ်တော် ရွေးကောက်ပွဲမှာ အတိုက် အခံ ရှေးရိုးစွဲ ဝါဒီ LDP (Liberal Democratic ) ပါတီက လက်ရှိ အစိုးရ DPJ (Japan Democratic Party) ကို အပြတ်အသတ် နိုင်သွားပြီး တရက် အကြာမှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက အခုလို ထုတ်ဖော် ပြောလိုက်တာပါ။
ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီ မွန်း ကဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဆီးရီယား ထဲမှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို ဆီးရီယား အစိုးရ တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ အင်မတန်ကို စိုးရိမ်ပူပင် စရာ အခြေ အနေဖြစ် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ်ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ရောက် ရှိလာမယ်လို့ သိရပါတယ်။ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထား တယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက် ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြော ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ်အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်း အဆောက် အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိ အခြေ အနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်း က ပြောပြသည်။