Tuesday, December 18, 2012

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ

Posted by drmyochit Tuesday, December 18, 2012, under | No comments


ယူအေအီး နိုင်ငံ ဒူဘိုင်းတွင် အသက် (၃၀) နှစ် အရွယ် ဥရောပ သီလရှင် တစ်ဦးက သူမအား အသက် (၄၀) နှစ်အရွယ် အီရန် နိုင်ငံသား အမျိုးသားက ၎င်း၏ အိမ်တွင် သူမအား အလို မတူဘဲ အဓမ္မ ပြုကျင့် ခဲ့ပါ သည်ဟု ရဲများကို တိုင်ကြား ခဲ့ရာတွင် သူမအား ကြားနာ စစ်ဆေး ချက်များ အရ နောက်ဆုံး၌ သူမ ကိုယ်တိုင်က နှစ်ဦးသဘောတူ အတူ နေခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ သည်ဟု သိရသည်။

သူမနှင့် သူမ သူငယ်ချင်း အဖွဲ့ဟာ ထိုအီရန် အမျိုးသားနှင့် safari ခရီး အကြို စီစဉ်မှု၌ တွေ့ဆုံ ခဲ့ကြကာ ခရီးစဉ် အပြီး၌ သူမက ထိုအမျိုးသား နေအိမ်တွင် အနားယူရန် ကျန်ရစ်နေခဲ့ကာ ထိုအမျိုးသားက သူမ၏ သူငယ် ချင်းအား ပြန်ပို့ခဲ့ကြောင်း၊ ရေမိုးချိုး အနားယူ ပြီးနောက် သူမတို့ နှစ်ဦး သဘောတူ လိင်မှု ပြုခဲ့ကြောင်း ပြီးခဲ့သည့် ရက်သတ္တ ပတ်က ဝန်ခံခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထိုအမျိုးသားက သူမအား အဓမ္မ ပြုကျင့်ခဲ့ ပါသည်ဟု စွပ်စွဲခဲ့ပြီး ထိုအမျိုး သားက ၎င်းတို့ နှစ်ဦး သဘောတူ လိင်မှုပြုခဲ့ ခြင်းသာဖြစ်၍ နှစ်ဦးသ ဘောတူ ဖြစ်ပျက်ပြီး နောက်ပိုင်းတွင် သီလရှင်က သူမအား ယူအေအီးငွေ ဒက်ဟမ်း တစ်သိန်းခွဲ မပေးပါက သူမအား အဓမ္မ ပြုကျင့် သည်ဟု အမှုစွဲမည် ဖြစ်ကြောင်း ခြိမ်းခြောက် တောင်းဆို ခဲ့သည်ဟု ထွက်ဆို ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ထိုသီလရှင်အား ရဲများကို မှားယွင်းစွာ သတင်းပေးပို့မှုဖြင့်သော်လည်းကောင်း ၊ လက်ထပ် ထိမ်းမြားမှု မရှိဘဲ လိင်မှုပြုခဲ့သည့် ၎င်းတို့နှစ်ဦးအား ယူအေအီးနိုင်ငံဥပဒေဖြင့် တရားစွဲရန် စီစဉ် လျက်ရှိ ကြောင်း သိ ရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်