Tuesday, December 18, 2012

စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အငှားဗိုက်နဲ့  ကြေညာချက်ထုတ်ပြန်

Posted by drmyochit Tuesday, December 18, 2012, under | No comments

မနေ့ က ထုတ်ပြန်တဲ့  စုံစမ်းစစ်ဆေးရေး ကော်မရှင်က ( ၂/၂၀၁၂ ) ကြေညာ ချက်ဟာ ဆန္ဒစောပြီး ထုတ်ပြန် တာများလား ဒါမှမဟုတ် ပြည်သူ တွေကို အပိုင်ကိုင်ပြီး လုပ်ချင်တာလား မပြော တတ်တော့ ။ ထုတ်ပြန် ကြေညာ ချက်မှာ မှားယွင်းစွာ ထုတ်ပြန် ထားကြောင်း တွေ့ ရှိရသည် ။နံပါတ်စဉ် ( ၁ ) မှာ ၂၀၁၂-ခုနှစ် နိုဝင်ဘာလ-၂၉-ရက်နေ့ တွင်( မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ မီးခိုးဗုံးများ) အသုံးပြုပြီး လူစုခွဲရာ၌ သင်္ဃာတော် အချို့ နှင့် လူပုဂိုလ် အချို့ တို့ ကို မီးလောင်ဒဏ်ရာ ရရှိခဲ့ ပါသည် ။

နံပါတ်စဉ် ( ၂ ) မှာ ကော်မရှင်အနေဖြင့်မန္တလေးမြို့ ရှိပြည်သူ့ ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံများသို့ သွား ရောက်ကြည့်ရှုခဲ့ ပြီး ဆေးကုသမှုများအား စစ်ဆေးခဲ့ ပါသည် ဟုကြေညာချက်ထုတ်ပြန်ထားပါသည် ။

ထို့ ကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ( မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ မီးခိုးဗုံးများ ) ဟု သုံးစွဲခြင်းကို ဖေါ်ပြ ကြေညာချက် ထုတ်ပြန် ထားရာ ယခု ဖြစ်စဉ်၌ မီးခိုးဗုံးလား သို့ မဟုတ် မီးလောင် ဗုံးလား ဆိုသည် ကိုစုံစမ်း စစ်ဆေးခြင်း မရှိသေး၍ ၄င်းကဲ့သို့ ဖေါ်ပြ ကြေညာချက် ထုတ်ပြန် ခြင်းသည် ဤပြသနာကို ရှုပ်ထွေး သွားစေနိုင်ပါသည် ။

ဤသို့ ထုတ်ပြန် ကြေညာ ခြင်းကို မပြုလုပ် သင့်ဟု ထင်မြင် ပါသည် ။သို့ အတူ နံပါတ်စဉ် ( ၂ ) ၏ ကြေညာချက် မှာလည်း မီးလောင် ဒဏ်ရာရ လူနာများအား ဆေးရုံ များသို့  သွားရောက် စစ်ဆေးခဲ့ ခြင်း
သာ ဖြစ်ပြီး ဤဖြစ် စဉ်၌ မည်ကဲ့သို့ ဖြစ်ပွါးခဲ့ ကြောင်း စုံစမ်း စစ်ဆေး ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန် ခြင်း မဟုတ် ။


အကယ်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် သတင်း များကို ထုတ်ပြန်ရန် လိုအပ်ပြီ ဆိုပါက မိမိတို့စုံ စမ်း စစ်ဆေးရး ကော်မရှင်မှ မည်သည့် ရဟန်း သင်္ဃာများ၊ မည်သည့် လူအချို့များ ၊ မည်သည့် အဖွဲ့  အစည်း များ ၊မည်သည့်နယ်မြေဒေသခံများ သွားရောက်စုံစမ်းပြီးပြီဖြစ်ကြောင်းစုံစမ်းထားရသမျှသော အခြေအ နေများကို ထုတ်ပြန်ပေးရန်သာသင့်သည် ။


သို့ မဟုတ်မထုတ်ပြန်ရန်လည်း လိုအပ်ပါက မထုတ်ပြန်သင့် ။“စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မီးလောင်ဗုံး ဟုတ်မဟုတ် မီးခိုးဗုံး ဟုတ်မဟုတ် စုံစမ်း စစ်ဆေးပြီးပြီ ဆိုလျှင် ယခုလို သတင်း ထုတ်ပြန် မည် ဆိုပါက မည် သည့် ဗုံးဖြစ်ကြောင်း ထုတ်ပြန် သင့်ပါသည် ။ 

ကျန်သည့် နံပါတ်စဉ် ( ၃ )နှင့် ( ၄ ) မှာ နိုင်ငံတော်မှ ဆရာတော်ဦးတိက္ခညာဏအား ထိုင်းနိုင်ငံသို့ ဆေး ကု သရန် ပို့ ဆောင်ပေးထားကြောင်းနှင့် အကူအညီများလိုအပ်ပါကစုံစမ်းစစ်ဆေးရေးကော်မရှင်သို့  တောင်းခံ နိုင်ပါကြောင်း ကြေညာ ချက်မှာ ဘာမျှ မလို အပ်ဟု ထင်ပါသည် ။

အကြောင်းမှာ ၄င်းကြေညာချက်မှာနိုင်ငံတော်အစိုးရကသာ ထုတ်ပြန်သင့်သော ကြေညာချက် သာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ နှင့် မည်သို့ မျှ မပါတ်သက် ပါကြောင်းပြော ချင်ပါသည် ။သို့ ဖြစ်ပါ၍ ဤကြေညာချက် သည် နိုင်ငံတော် ကသာ ထုတ်ပြန် မည်ဆိုပါက လက်ခံ နိုင်မည် ဖြစ်သော်လည်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ မှထုတ်ပြန်ခြင်းမှာ မည်သို့ မျှ မသက် ဆိုင်ကြောင်း မေတ္တာထား၍ အသိပေး လိုက်ရ ပါကြောင်း၊ အဘယ့်ကြောင့် ဆိုသော် စုံစမ်း စစ်ဆေးရေး ကော်မ ရှင် သည် စုံစမ်း စစ်ဆေးခြင်း များကိုသာ ပြည်သူသို့ အသိပေးလိုလျှင် ပေးသင့်ပါကြောင်း နှင့် မိမိတို့  ဘာမျှ မစုံစမ်းဘဲ နိုင်ငံတော်မှ ကြေညာ ရမည့် အချက်ကို အငှား ဗိုက်လုပ်ကာ မပြုလုပ်သင့်ကြောင်းတင်ပြလိုက်ရပါသည် ။

အောင်သာနီ

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်