Tuesday, December 18, 2012

ရထားဘီးချော်ကျ

Posted by drmyochit Tuesday, December 18, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၁၇
၁၆-၁၂-၂၀၁၂ ရက်နေ့ ၁၆၀၃ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ နေပြည်တော်သို့ထွက်ခွာ လာသည့် အမှတ်(၁၀၂)အစုန်စာပို့ရထားသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဒလန့်ချွန်ဘူတာနှင့် မင်းပြင် ဘူတာအကြား မိုင်တိုင်အမှတ်(၂၆၀/၇)နှင့် (၂၆၁)ကြားတွင် ဂတ်ဗိုလ်တွဲမှ ဘီးအမှတ်(၁/၂)မှာ လမ်း အပြင်သို့လည်းကောင်း၊ ဘီးအမှတ်(၇/၈)မှာလမ်းအတွင်းသို့လည်းကောင်း ချော်ကျခဲ့သည်။

ရထားဘီး ချော်ကျမှုကြောင့် လူထိခိုက်မှုမရှိဘဲ မင်းပြင်ဘူတာနှင့် ဒလန့်ချွန်ဘူတာရုံပိုင်များက အခင်းဖြစ် အရပ်သို့ သွားရောက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်