Tuesday, December 18, 2012

ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ

Posted by drmyochit Tuesday, December 18, 2012, under | 1 comment


သမ္မတကြီး၏ ထိုးစစ်ရပ် ဆိုသည့် အမိန့်သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ်သည့် တပ်မတော် သားများ အားသေဒဏ် ချမှတ်နေ သကဲ့သို့ ဖြစ်နေပြီ လို့သာ ဆိုချင်တော့သည်။ အင်တာနက် ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သား များ မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ၊ ကြားနေရသည်မှာမြန်မာ့တပ်မတော်၏ ထိခိုက်ကျ ဆုံးမှု သတင်းများ သာ ဖြစ်နေသည်။

သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ်တပ်မတော်သည် မည်သည့် အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့်အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ်ကချင် သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ်စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော် အမတ်များ သိပါလေစ။

နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင်ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိ အခိုက် အကျအဆုံးမရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေသည့် ပုံများ သည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။

တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်းခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။

ဘယ်သူဒေါသ မထွက်ထွက် ကိုယ်ဒေါသ ထွက်သည်။ မပစ်ရ၊ ထိုးစစ်မဆင်ရဆိုသည့် အမိန့်အတွင်း အသေခံ နေရသည့် တပ်မတော်သားများ ဘ၀ကို စာနာသည်။ တပ်မတော်သား ရွတ်ဆိုသည့် သစ္စာ ၎
ချက်တွင် အသက်ကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပြီး ဖြစ်သည်။

စစ်သည် ၅ သိန်းကျော် ရှိသော မြန်မာ့တပ်မတော်မှ တပ်သား ၅ ယောက်အား မိုင်းဆွဲ ချောင်းပစ်ရာမှ ဖမ်းမိခြင်း အား ကေအိုင်အေ တို့ အဟုတ်မှတ်ကြလေသည်။ မြန်မာ့တပ်မတော်၏ သည်းခံနိုင်မှုကို
ဆွကြလေ သည်။ ဒီထက်ပို ပြီး သည်းခံရန် သင့်တော်ပါမည်လော။

လေကြောင်းမှသာ အသုံးပြုတိုက်ခိုက်ပါက လိုင်ဇာမြို့တွင် လူတစ်ယောက်မှ ကျန်မည် မဟုတ်သလို စခန်းကုန်း များတွင်လည်း ကေအိုင်အေခေါင်းထောင်နိုင်မည် မဟုတ်။တပ်မတော်သားများ အသက်ပေး နေရခြင်း သည် တိုက်ရင်းဖြင့်အသက်ပေးနေရခြင်း မဟုတ်ဘဲ ကာကွယ်ရင်းဖြင့် ငြိမ်းချမ်း ရေးအတွက် အသက်ပေးနေရခြင်းကို နားလည်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ဖန်တီး၍ မရလျှင် ပထမ မြန်မာ နိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ ဖြစ်လာမည် မဟုတ်သလို၊ အမေရိကန် ပြည်ထောင် စုကြီးလည်း ဖြစ်လာမည် မဟုတ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း နားလည်ဖို့ ကောင်း ပေသည်။သစ္စာလေးချက်ကို ပြင်ဖို့ထက် တပ်မတော် သားတွေရဲ့ အသက်တွေကိုဘယ် ရက် ဘယ်လ ထိ အလဟသ အသေခံခိုင်းနေမည်လဲဆိုတာ
အရင် စဉ်းစား သင့်ပါသည် လို့ ပြောလိုက်ချင်တော့သည်။

Myanmar Online News

Myanmar Forward

1 comments:

Who ask them to be a soldier? ???? Is it really allow to use airforce at domestic warfare? :)

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်