Tuesday, December 18, 2012

ယနေ့ ကာမိုင်းမြို့နယ်(ခွဲ) ရဲစခန်းအား KIA က ၀င်ရောက်စီးနင်း

Posted by drmyochit Tuesday, December 18, 2012, under | No comments


ကချင် ပြည်နယ် ဖားကန့်မြို့နယ်ကာမိုင်းမြို့နယ်(ခွဲ)ရဲစခန်းအား ဒီဇင်ဘာ၁၈ ရက် နံနက် ၄ နာရီခွဲ အချိန် တွင် KIAတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကာမိုင်းမြို့ဒေသခံများထံမှ သတင်း ရရှိ သည်။

ကာမိုင်းမြို့ အနောက်ဘက်ခြမ်းမှ KIAတပ်ဖွဲ့များ ချီတက်လာပြီး ရဲစခန်းကို ၀င်ရောက် တိုက်ခိုက်ကာ တစ်ဘက်နှင့် တစ်ဘက် နာရီဝက်ခန့် လက်နက် တိုက်ခိုက် ပစ်ခတ်သံများ ကြားခဲ့ရသည်။ ကာမိုင်းမြို့ အထွက် တံတား ကိုလည်း မိုင်းခွဲ၊ မိုင်းထောင် သွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် KIA တပ်ဖွဲ့များမှာ မြို့ထဲမှ ပြန်လည် ထွက်ခွာ သွားကြကြောင်း မြို့ခံများက ပြောကြားသည်။

အသေ အပျောက်နင့် ပျက်စီး ဆုံးရှုံးမှု အတိအကျ မသိရ သော်လည်း ရဲစခန်း လက်နက် တိုက်ရှိ လက်နက်များ အားလုံး KIA အဖွဲ့က ယူဆောင်သွားပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဆွေမျိုး သူနာပြု ဆရာမ တစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ အနည်းဆုံး လူ ၄ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်း ထန်သည့် လူနာ ၂ ဦးကို မိုးကောင်းမြို့ ဆေးရုံသို့ ပို့ဆောင် ပေးထား ရကြောင်း ဒေသခံ များကြား သတင်း ထွက်ပေါ် နေသည်။

သို့သော် ယခုအချိန်ထိ သက်ဆိုင်ရာမှ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိရန် 7Day News က ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ရဲစခန်းတွင် စခန်းမှူးအပါအ၀င် အင်အား ၁၇ ဦးသာရှိပြီး၊ ထိုသို့ဖြစ်ပွားပြီးနောက် အချိန်အတော်ကြာအထိ ဒေသခံများ အိမ်ပြင်မထွက်ရဲကြသလို တံတားပေါ်တွင် မိုင်းထောင်ထားသည်ဟူသောသတင်းကြောင့် နေ့ လည် ၁၀ နာရီခွဲအချိန်ခန့်အထိ ဖားကန့်မြို့သို့ သွားရောက်မည့်ခရီးသည်များ ကာမိုင်းမြို့တွင် ပိတ်မိ နေကြောင်း ဒေ သခံများကပြောသည်။

ကာမိုင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၆ နာရီကျော်အချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီး များ ၁၀ချက်ခန့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဖားကန့်မြို့ခံများကဆိုသည်။

ရက်သတ္တပါတ်အတော်ကြာ နယ်မြေငြိမ်သက်နေသလို ခရစ်စမတ်ကာလ ပြီးဆုံးချိန်အထိ နယ်မြေ တည်ငြိမ် ဆေးချမ်းမည်ဟု ဒေသခံများကမျော်လင့်ခဲ့ကြသော်လည်း ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ် ပွား လာ ၍ ဒေသခံများ စိုးရိမ်ပူပန်လာကြောင်း ဖားကန့်မြို့ခံများကပြောသည်။

7 Day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်