Tuesday, December 18, 2012

ကားအောက်တွင် အိပ်ပျော်နေသော ကလေးငယ် ကားနောက်ဆုတ်စဉ် ကြိတ်မိ သေဆုံး

Posted by drmyochit Tuesday, December 18, 2012, under | No comments


ပဲခူးတိုင်း ဒေသကြီး ရေတာ ရှည်မြို့အနောက် မအူတုံး ကျေးရွာ မြောက်ဘက် ကြံတောင်သူ ဦးတင်အုန်း
၄၉ နှစ် (ဘ) ဦးထွန်းတင်၏ ကြံစိုက်ခင်းတွင် ဒီဇင်ဘာ ၁၂ ရက် ညနေ၃ နာရီခွဲက ကြံကားနောက်ဆုတ်စဉ် ခြောက်နှစ် သား အရွယ် ကလေးငယ် ကားကြိတ်မိကာ သေဆုံးခဲ့သည်။

ယာဉ်မောင်း ဦးထိန်ဝင်း ၄၂ နှစ် (ဘ) ဦးခင်လှိုင် (၉)ရပ်ကွက် ရေတာရှည် မြို့နယ် နေသူ မောင်းနှင် လာသည့် ယာဉ်အမှတ် ဆ/.... တီအီး-၁၁ အဝါရောင် ခြောက်ဘီး ကားသည် ကြံ များ တင်ဆောင်၍ ကြံစိုက် ခင်း အတွင်း မှ ပြန်ထွက်ရန် နောက်ဆုတ်စဉ် ကားအောက်ဝင်၍ အိပ်ပျော်နေသော မအူတုံး ကျေးရွာ နေ မောင်သန့်ဇင်ဖြိုး (၆) နှစ် (ဘ) ဦးအောင်မြင့်စိန်အား ကား၏ ဝဲဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့ သည်။ ကားကြိတ်မိမှုကြောင့် ၎င်းကလေးငယ် သည် ဦးခေါင်း ကြေမွပြီး အခင်းဖြစ် နေရာ၌ ပင် သေဆုံး ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရေတာရှည် ရဲစခန်းမှ (ပ)၃၁၂/၂ဝ၁၂ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၄-ကအရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။ 

မြဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်