Tuesday, December 18, 2012

ညအချိန်အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်

Posted by drmyochit Tuesday, December 18, 2012, under | No comments


မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သောလမ်းမကြီးများတွင် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှုများတွင် အမျိုးသမီးအချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရသူ ဒေသခံတစ်ချို့ထံမှ သိရသည်။

ယင်းသို့ အကြမ်းဖက်မှုများတွင် ဆိုင်ကယ်တားပြီး ရိုက်နှက်မှုများ ဆိုင်ကယ် စီးနေသူထံမှ လက်ကိုင်အိပ်၊ ဟန်းဖုန်း စသည့် လုယက်မှုများ ဖြစ်ပြီး အသက် အန္တရယ် ရန်ရှာမှုများအထိရှိကြောင်း သိရသည်။

“မန္တလေး တောင်ခြေဘက်မှာ ညတစ်ခါ တစ်ရံ ည ၁၂ နာရီကျော် ၁နာရီလောက် ဖြစ်တတ်တယ်။ တလောက ဆိုင်ကယ်စီး လာတဲ့လူကို ရိုက်ပြီး ဆိုင်ကယ် လုခံရတယ်။ မနက် ၁နာရီကျော် လောက် ဈေးသွား ရောင်းတဲ့ ဈေးသည်ဆီက ပိုက်ဆံ အိတ်လည်း လုခံရတယ် လို့လည်း ကြားတယ်။ သူတို့တွေ တော်တော် အတင့်ရဲလာပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ အလားတူဖြစ်ရပ်များမှာ မန္တလေးမြို့ပြင်နှင့် တစ်ခြားနေရာတချို့ တွင် လူသူပျက်လပ်ပြီး ညဥ့်နက်သော အချိန်များ၌ ရံဖန်ရံခါ ဖြစ် တတ်ပြီး အကြမ်းဖက်လုယက်သူတို့သည် အဖွဲ့လိုက် လှုပ်ရှားကြောင်း ကြားသိရသည်။

“နိုဝင်ဘာ(၁၇)ရက်နေ့လောက်က မန္တလေးကနေ ပုသိမ်ကြီးကိုလာတဲ့ လူတစ်ယောက်ကို ဆိုင်ကယ် တားပြီး စီးလာတဲ့သူကို ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုသွားတယ်။ လူကိုတော့ ဆေးရုံတင်ထားရတယ်။ ညအချိန် မတော် အပြင် မထွက်သင့်တော့ဘူး”ဟု ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ(၃၀)ရက် နေ့ညအချိန်၌ မန္တလေးပုသိမ်ကြီးကားလမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်အား အမျိုးသမီး တစ်ဦးက မောင်းယူထွက်ပြေး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ဖြစ်စဉ်များကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့များမှ ညကင်းလှည့်ခြင်း၊ မြို့အ၀င် အထွက်ယာဉ်များ စစ်ဆေးခြင်း၊ မသင်္ကာသူ များကို ခေါ်ယူစစ်ဆေးခြင်းများ စနစ်တကျပြုလုပ်နေကြောင်း လုယက်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ် ပြော ဆိုခဲ့သည်။

မောင်ယဉ်ကျော်

The Myanma Age 


ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွာ တွင် အောက်တိုဘာလ ၅ ရက်နေ့ကအကြမ်းဖတ်မူမြင်ကွင်း


Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်