Tuesday, December 18, 2012

ညှို့မဂ္ဂဇင်း အတွဲ(၁)၊အမှတ်(၁)တွင်ကာယကံရှင် ခွင့်ပြုချက်မယူပဲ ဖော်ပြခဲ့မူအပေါ်နန်းခင်ဇေယျာ ကန့် ကွက်

Posted by drmyochit Tuesday, December 18, 2012, under | No comments


အသုံးပြုဖော်ပြခြင်းအတွက် ဆောင်းပါးရှင် အပါအ၀င်ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး
အကြောင်းကြားကန့်ကွက် သွား

မည်ဖြစ်ကြောင်း ပရိသတ်များအား အသိပေးရှင်းလင်းချက်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွက် (ယခုရက်ပိုင်းတွင်)ထွက်ရှိလာသော ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင် ညီမနှင့်ပတ်သက်သည့်ဆောင်းပါးနှင့် ထိုဆောင်းပါးနှင့်အတူ ညီမ၏ဓါတ်ပုံများဖော်ပြ ပါရှိလာပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ညီမ(နန်းခင်ဇေယျာ)ကို အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသောပရိသတ်များ၏ မေးမြန်းမှုများ၊ ဝေဖန်အကြံပြုမှုစာများကို လက်ခံရရှိခဲ့ပါသည်။

အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်

(ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတ ကာပြိုင်ပွဲ များတွင်ကြိုး စားယှဉ်ပြိုင်ခဲ့သော ညီမ၏ လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်း ဂုဏ်ယူဝမ်း မြောက်မိ ပါသည်။

သို့သော် ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင်ပါရှိလာသည့် အဆိုပါဆောင်းပါးနှင့် ညီမ၏ဓါတ်ပုံများကို ဖော်ပြခြင်းအတွက် ဆောင်းပါးရှင်အပါအ၀င် မည်သည့်တာဝန်ခံတစ်စုံတစ်ဦးကမျှ ညီမထံ သို့ကြိုတင် အသိ ပေးခြင်း၊ အကြောင်းကြားထားခြင်းများမရှိခဲ့ပါ။ ထို့ကြောင့် ညီမကိုယ် တိုင်ပင်လျှင် ပရိသတ် များ၏ ဝေဖန် အကြံပြုစာများရရှိမှသာ သိရှိခဲ့ရပါသည်။

ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိက ပေါင်းကူး ဆက်သွယ် ပေးနေသော ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲ လေးစား တန်ဖိုး ထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို အခွင့်သင့်သလို ပြုလုပ်ပေး လျက်ရှိ ပါသည်။

ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊ ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။

သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန် ထက်ပိုမို ထူးခြားနေခြင်း၊ ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိ ထုတ်ဝေဖြန့် ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့် အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြု မည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား ကြိုတင် အသိပေး သင့် သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း မရှိသည့်အတွက်လည်း ညီမ၏ ပရိသတ် များနှင့် ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။

ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင် တစ်ဦးအနေဖြင့်သာမက Miss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ် တည်နေ ဆဲဖြစ်ပါ သည်။


ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော အကြောင်း အရာ တစ်ခုဖြစ် လာနိုင် သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြု ဖော်ပြခြင်း အတွက် ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြား ကန့်ကွက် သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

နန်းခင်ဇေယျာ


Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်