Tuesday, December 18, 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေး

Posted by drmyochit Tuesday, December 18, 2012, under | No comments


ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ဒေါ်အောင် ဆန်းစုကြည် လာရောက် စစ်ဆေး ရာတွင် ဖျားနာဆောင်၊ ခွဲစိတ် ကုသဆောင်၊ အရေး ပေါ်နှင့် ပြင်ပ လူနာ ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာဦးရေနှင့် ကုတင်မျတမှုရှိမရှိ၊ ဆေးရုံ သန့်ရှင်းရေး၊ လူနာများစိတ်ကျေနပ်မှုရှိမရှိ စသည်တို့ကို တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစု ၀င်များကိုမေးမြန်းခဲ့ပြီး ဆေးရုံရှိဝန်ထမ်းများကိုလည်း လိုအပ်ချက်ရှိမရှိ မေးမြန်းခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှဆေးရုံ အုပ်ကြီး ဒေါက်တာ ကျော်ကျော် နှင့် တွေ့ဆုံ၍ ဆေးရုံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

ထို့အပြင် အများပြည်သူမှီခိုအားထားနေရသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့် ဆေးရုံကြီး ဖြစ်မြောက် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၉ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင် အဖွဲ့ဝင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အလှူရှင်များ ပါဝင် သည့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ယခင်လေဟာပြင်ဈေးနေရာ၌ ဆောက်လုပ်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ကျပ်သိန်း ၄၀ ကျော် ကုန်ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် အားဖြည့် ကွန်ကရစ် စနစ်ဖြင့် တည်ဆောက် ထားသည့် အဆောက် အအုံ ဖြစ်ကြောင်း၊

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး ဖြစ်သော်လည်း လက် ရှိ အသုံးပြု နေသည့် ကုတင် ၁၃၅၀ ရှိကြောင်း၊ ဆေးရုံကြီးတွင် အထူးပြုဘာသာရပ်ဆိုင်ရာဌာန ၂၅ ခု အရေး ပေါ်လူနာ လက်ခံဌာန ခုနစ် ခုရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်