Tuesday, December 18, 2012

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

Posted by drmyochit Tuesday, December 18, 2012, under | No comments


ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီ မွန်း ကဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဆီးရီယား ထဲမှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို ဆီးရီယား အစိုးရ တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ အင်မတန်ကို စိုးရိမ်ပူပင် စရာ အခြေ အနေဖြစ် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။

Yarmouk ဒုက္ခသည်စခန်းကို ဆီးရီယားအစိုးရက ဗုံးကြဲတိုက်ခိုက်တာကြောင့် အနဲဆုံး လူ ၈ ဦး သေဆုံး ခဲ့တယ်လို့ ဆီးရီယားအတိုက်အခံလှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတအာဆပ်အစိုးရအနေနဲ့ ၂၀၁၁ခုနှစ် မတ်လက စလို့ အတိုက်အခံတွေကိုနှိမ်နင်းနေရာမှာ၊ ဒုက္ခသည် စခန်း တခုကို အခုလို လေကြောင်းကနေ တိုက်ခိုက်တာမျိုးဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လူဦးရည်ထူထပ်တဲ့ အရပ်သားနယ်မြေတခုကို ဗုံးကြဲတိုက်ခိုက်မှုမှာ ခိုင်လုံတဲ့ အထောက် အထားတွေ ရှိ ထားပြီး၊ ဒီလို အရပ်သားလူထုအပေါ် အကြမ်းဖက် တိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှုးချုပ် ဘန်ကီမွန်းက ကြေညာချက် ထုတ်ခဲ့ပါတယ်။

မနေ့ တနင်းနွေနေ့တုန်းက ဆီးရီယားအစိုးရက လေကြောင်းတိုက်ခိုက်မှု ၆ ခု ပြုလုပ်ခဲ့ရာမှာ၊ အဲဒီ ဒုက္ခ သည် စခန်းကို တိုက်ခိုက်တာဟာ တခုအပါအ၀င် ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့် အရေး စောင့်ကြပ်မှု အဖွဲ့က ကြေညာပါတယ်။ သူပုန်တွေဟာ သူတို့ ခြေကုတ်ယူထားတဲ့ နေရာတွေကနေ မြို့ တော် အနီး အထိ ချည်းကပ်လာပြီလို့လည်း ဆိုပါတယ်။

VOA (မြန်မာပိုင်း)

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်