Tuesday, December 18, 2012

ခြောက်နှစ်သမီးကို အရက်အတင်းတိုက်ပြီး သူငယ်ချင်းများနှင့် မတရားပြုကျင့်သည့်ဖခင်

Posted by drmyochit Tuesday, December 18, 2012, under | No comments


အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် ဖခင်ဖြစ်သူက ခြောက်နှစ် အရွယ် ၎င်း၏ သမီးအား အရက် အတင်း တိုက်ခဲ့ကာ မတရားပြု ကျင့်ခဲ့ကြောင်း မိခင် ဖြစ်သူက တိုင်ကြား ခဲ့သည်ဟု သိရသည်။

ဖခင်နှင့် မိခင် ကွဲနေကြရာတွင် မိခင်က သမီးကို ပြုစု စောင့်ရှောက် နေရာမှ ဖခင်အား တလှည့် သမီးကို ပြုစု စောင့်ရှောက်ရန် တောင်းဆို ခဲ့ပြီးနောက် ယင်းဖြစ်ရပ် ပေါ်ပေါက် ခဲ့တာ ဖြစ်ကြောင်း သိရသည်။

မတရား ပြုကျင့်ခံရသူ မိန်းကလေးက ဖခင်အပြင် ဖခင်၏ သူငယ်ချင်းများကလည်း သူမကို မတရား ပြုခဲ့ ကြောင်းကို ဖွင့်ဟ ပြောဆိုခဲ့သည်။ ဖခင်ဖြစ်သူမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

Kottayam နှင့် Kannur အပိုင်း၌လည်း ရက်ပိုင်း ဆိုသလိုပင် ယင်းကဲ့သို့  ဖြစ်ရပ်များ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Kannur တွင် ဆယ်ကျော်သက်မိန်းကလေးအား ဖခင် ၊ ဦးလေး နှင့် အစ်ကိုတို့က မတရားပြုကျင့်မှု ဖြစ်ပွား ခဲ့ပြီး Kottayam တွင်မူ ဖခင်က ဆယ်ကျော်သက်သမီးနှစ်ဦးကို မတရားပြုကျင့်ခဲ့တာဖြစ်ကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်