Tuesday, December 18, 2012

ပညာရေးဌာနက ချမှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောက်လုပ်ခြင်းမရှိတာကြောင့် ပညာရေးမှူးနှင့် ကျောင်းကြီးကြပ်မှုကော်မတီများအကြား တင်းမာမှုလျှက်ရှိနေ

Posted by drmyochit Tuesday, December 18, 2012, under | No comments



သထုံမြို့နယ် ပညာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသော ကုမ္ပဏီအချို့သည် ပညာရေးဌာနက ချမှတ် ထားသော စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ဆောက်လုပ်ခြင်းမရှိတာကြောင့် ဒေသခံ ကျောင်း ဆောက် လုပ်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ရပ်မိရပ်ဖများ ကျေနပ်မှုမရှိဘဲ မြို့နယ် ပညာရေးမှူးနှင့် ကျောင်း ကြီး ကြပ်မှုကော်မတီများအကြား တင်းမာမှုများရှိနေကြောင်းသိရှိရသည်။

ကျောင်းများဆောက်လုပ်ရာတွင် ကြီးကြပ်ရေးကော်မတီအဖြစ်ကျောင်းအုပ်က ဥက္ကဌ၊ ဆရာ/ ဆရာမ တစ်ဦးက အတွင်းရေးမှူးနှင့်ရပ်မိရပ်ဖ(၂)ဦးက အဖွဲ့ဝင်အဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ သံလွင်မဟာ ကုမ္ပ ဏီက တည်ဆောက်သော ကျောင်းများဖြစ်သည့် ရွာဦးကျောင်းသည် ပေ(၆၀x၃၀) တစ်ထပ်ဖြစ်ပြီး ပညာရေး ဌာန ခွင့်ပြုမိန့်၁၄၄ သိန်းဖြင့်လည်းကောင်း၊

ပေါ်တော်မူကျေးရွာ မူလွန်ကျောင်း ခွင့်ပြုငွေ ၁၆၂ သိန်းဖြင့် ပေ(၉၀x၃၀)တစ်ထပ်အဆောက်အဦကို လည်းကောင်း ဆောက်လုပ်ရာတွင် ပညာရေးဌာနက သတ်မှတ်ထားသည့် စံနှုန်းဖြစ် သည့်ပျဉ်းကတိုးသားများကိုသာ သုံးရမည်ဖြစ်သော်လည်း အခြားသား(တောသစ်သား) များဖြင့် သုံးစွဲထား ခြင်းဖြစ် သဖြင့် ကြီးကြပ်သူအဖွဲ့ဝင်များက ခွင့်ပြုငွေ အလုံအလောက်ရရှိရဲ့သားနဲ့ ဒါတွေထည့် ထားတော့ ရေရှည် ဒီအဆောက်အဦက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး၊

အဲဒီအခါ ဒီရပ်ရွာမှာနေကြတဲ့ ရပ်မိရပ်ဖနဲ့ ကျောင်းသားမိဘတွေဘဲ ခေါင်းကိုက်ကြရမှာလို့ ပေါ်တော်မူ မူလွန်ကြီး ကြပ်ရေးအဖွဲ့ဝင်ဦးကျော်ဦးကပြောပါတယ်။

မြို့နယ်ပညာရေးမှူး ပြောသလိုဆိုရင် အခုဆောက်တဲ့ကုမ္ပဏီတွေရဲ့ မရိုးသားမှု အပေါ်ကို စာရင်းစစ် ကန့်ကွက်မှာဖြစ်ပြီး၊ ငွေတွေကိုပြန်လျှော်ရမှာဖြစ်ကြောင်း၊ အဲဒီအခါ ဒီကျောင်းဆောက် ထားတဲ့ တောသစ် နေရာမှာ ပျဉ်းကတိုးကို ပြန်အစားထိုးမှာလားလို့မေးရာတွင် ပြန်တော့ အစားထိုး ပေးမှာ မဟုတ် ဘူး ငွေတွေ ကိုပညာရေး ဌာနကိုပြန်သွင်းရမှာလို့ ကျောင်းပျက်စီးသွားရင်ဒီငွေတွေကို ဘယ်လို လုပ်ပြန် ထုတ် လို့ ရ မှာလဲဟု ဖြေသွားတယ်ဗျာလို့ မချိတင်ကဲ ပြောဆိုသွားပါတယ်။

ဇရစ် ချောင်ကျေးရွာ ရပ်မိရပ်ဖ ဦးဝင်းဇော်ဦးက မိမိတို့ဇရစ်ချောင်မှာလည်း တောသစ်တွေ ထည့် ထားကြောင်း မြို့နယ်ပညာရေးမှူးပြောသလိုဆို အနှစ်(၃၀)ခံမယ်ဆိုရင် ရော်ဘာသားလည်းရေနံ ၀ရင် အနှစ်(၃၀)ခံကြောင်း၊ အနှစ်(၃၀)ပြည့်လျှင် ယခုပညာရေးမှူးလည်း ၀န်ထမ်းဘ၀က အနားယူ မှာဖြစ်တဲ့ အတွက် ဘာမှလုပ်ပေးလို့ရမှာမဟုတ်ပါဘူး၊ သိပ်တာဝန်မဲ့လွန်းတယ်ဗျာလို့ တင်ပြ သွားခဲ့ ပါသည်။

အဓိက ဖြစ်ချင်တာက ခွင့်ပြုငွေက ကျောင်းဆောက်လုပ်ရေးအတွက် လုံလောက်မှုရှိပါတယ်။ ခွင့်ပြုငွေ အတိုင်း မှန်မှန်ကန်ကန်ဆောက်လုပ် သွားဖို့ကို တောင်းဆိုတာပါဟုပြောပါသည်။သံလွင်မဟာ ကုမ္ပဏီ သည် ကန့်ကွက်နေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေပြီး၊ လူမှုရေးဝန်ကြီး လာရောက် စစ်ဆေးရာ တွင်ဖုးံကွယ် နိုင်ရန်အတွက် သစ်သားများအား ရေနံများ သုတ်လိမ်းလျှက်ရှိ ပြီး လုပ်ငန်းခွင် အမြန်ပြီး စီးနိုင် ရန် လူအင်အားများထပ်မံတိုးချဲ့ဆောက်လုပ် လျှက်ရှိကြောင်းသိရှိရသည်။





Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်