Tuesday, December 18, 2012

ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား (၁) ဦး ကျဆုံး

Posted by drmyochit Tuesday, December 18, 2012, under | No comments



ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက်( ၄ ) နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင် အား ( ၇၀ ) ခန့် လာ ရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )ဦးကျဆုံး သွား ကြောင်း သိရသည်။

KIA မှ ပြန်လည် ထွက်ခွာ သွားကြောင်းနှင့် ထိခိုက် ဒါဏ်ရာရသူ များပြားပြီး ကာမိုင်း ဆေးရုံတွင် တက်ရောက် ကုသ လျက်ရှိသည်ဟု သိရသည်။ ရဲစခန်းအနီး နေထိုင်သူများလည်း ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရဲစခန်း အနီး ထီရောင်းချသူတစ်ဦးထံမှ သိရသည်။

ကာမိုင်းအထွက်အင်းတော်ချောင်းတံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားလေး များသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။ ဒီဇင် ဘာလ အတွင်းတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ ယခုပြန်လည် ဖြစ်ပွား ခြင်းဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်