Tuesday, December 18, 2012

စုံစမ်းရေးကော်မတီကကြေးနီစီမံကိန်းဆက် လုပ်သင့်သည်ဟု အဖြေ ထွက်လာလျှင် ကန့်ကွက်မည်ဟုဆို

Posted by drmyochit Tuesday, December 18, 2012, under | No comments

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖြတ်သိမ်း ပေးရေး အတွက် ဆန္ဒပြနေ သည့် သပိတ် စခန်း များအား မီလောင် ဗုံးဖြင့် ဖြိုခွင်း ခဲ့ပြီး ကိစ္စမှ စတင် ကြီးထွား ခဲ့သော လက်ပံတောင်း တောင် ကျေးနီ စီမံ ကိန်း ပြသနာကို ဖြေရှင်းရန် အတွက် စုံစမ်း စစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း ခဲ့ရာ ထိုစုံစမ်း စစ်ဆေးရေး အဖွဲ့မှ ဆက်လက် လုပ်ဆောင် သင့်သည်ဟု အဖြေ ထွက်လာ ခဲ့ပါကပြင်းပြင်း ထန်ထန်ကန့် ကွက်ရှုတ်ချမည်ဖြစ် ကြောင်း လက်ပံတောင်းတောင် ကျေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ အဖွဲ့တွင် ပါဝင်သည့် လက်ပံတောင်းတောင် ဒေသခံ(၃) ဦးထဲမှဦးဘိုဋ္ဌေးကဆိုသည်။

“ကျွန်တော်က လက်ပံတောင်း တောင်ကြေးနီစီမံကိန်းစုံစမ်စစ် ဆေးရေးအဖွဲ့မှာပါဝင်တယ်ဆိုပေ မဲ့စုံစမ်း စစ်ဆေးရေး ကဒီကြေးနီစီမံ ကိန်းဆက် လုပ်သင့်တယ် လို့အဖြေ ထွက်လာခဲ့ရင်တော့ ပြင်းပြင်း ထန်ထန် ကန့်ကွက် မှာပါ စုံစမ်စစ် ဆေးရေး ကော်မတီ ထဲမှာကျွန်တော် ပါဝင်နေပေမဲ့ စုံစမ်စစ် ဆေးရေးအဖွဲ့ ဘာတွေ ဘယ်လို တွေလုပ် နေတယ် ဆိုတာကို အကြောင်းစုံ မပြောပြနိုင်တာကို တော့ခွင့်လွတ်ပါ၊ 

စုံစမ်း စစ်ဆေးရေးကော်မတီမှာကျွန်ယူရ တဲ့တာဝန်ကဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ပြီးတော့ အထက် လူကြီးတွေကို ပြန်ပြော ပြရရုံ ပါပဲ” လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီတွင် ပါဝင်သည့် ဒေသခံ ဦးဘိုဋ္ဌေးက ပြောသည်။

ယင်းစုံစမ်း စစ်ဆေးရေး ကော်မတီ ၀င်ဦးဘိုဋ္ဌေးက ထမ်မံ ပြောဆို ရာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပက်သက်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် ဒေါ်အောင် ဆန်းစုကြည် ပါဝင်နေသည့် အတွက် ယုံကြည်ကြောင်း ကြေးနီ စီမံကိန်းနှင့် ပက်သက်ပြီး ပြည်သူ လူထု ဘက်က ရပ်တည် ပေးမည်ဟု သူယုံကြည် ကြောင်းထမ်မံ ပြောဆိုခဲ့သည်။
 
စုံစမ်း စစ်ဆေးရေး ကော်မတီနှင့် ပက်သက် ပြီး ဒေါ်အောင်းဆန်း စုကြည်မှ သတင်း ထောက်များနှင့် စုံစမ်းစစ် ဆေးရေး တွင်ပါဝင်သည့် သူများနှင့် တွေ့ခွင့် မပြုရန်နှင့် မေးမြန်း မှုကို မဖြေဆိုရန် ပြောဆို ထားသည့် အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီ ၀င်များကို မေးမြန်း ရာတွင် မဖြေဆိုသည့် အခက် အခဲများ ရှိခဲ့ပြီး ယခု ဖြေဆိုသူ ဦးဘိုဋ္ဌေးဆို သူမှာ ဒေသခံ တောင်သူလယ် သမားကြီး ဖြစ်သည့် အတွက် မေးမြန်း သည်ကို ရိုးသားပွင့်လင်းစွာ ဖြေဆို ခဲ့ခြင်း ဖြစ်သည်။

Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်