
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ယနေ့နံနက် ၀၄၁၅ အချိန်က ခေါင်းဆောင်စိစစ်ဆဲ ကေအိုင်အေသောင်းကျန်းသူ(၈၀)ဦးခန့်သည် ဖား ကန့် မြို့နယ်၊ ကာမိုင်းရဲစခန်းအား အာပီဂျေလက်နက်ကြီးများဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက် ခဲ့ကြ သည်။ တိုက်ပွဲဖြစ်ပွားသည်နှင့် ကာမိုင်းရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ရဲစခန်းဝင်းအတွင်းမှ ပြန်လည် ခုခံ တိုက် ခိုက် ခဲ့ကြသော်လည်း သောင်းကျန်းသူများက ကျည်အား လူအားဖြင့်ဖိ၍ ရဲစခန်း ရုံးအား ၀င်ရောက် စီးနင်း ဖျက်ဆီး ပြီး နံနက် ၀၅၃၀ အချိန်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။
အဆိုပါ ကေအိုင်အေသောင်းကျန်းသူများသည် နံနက် ၀၆၀၀ အချိန်တွင် ၎င်းင်းတို့ဆုတ်ခွာရာလမ်းရှိ ဖားကန့်မြို့မှ ကာမိုင်းမြို့အ၀င် ကာမိုင်းရဲစခန်း၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာရှိ အရှည်ပေ ၂၂၀ ရှိ မိုးကောင်း ချောင်းကူး သံဘောင်ဘေလီတံတားအား မိုင်း ၂ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် တံတား သံဘောင် များပျက်စီးပြီး မော်တော်ယာဉ်များ သွားလာနိုင်ခြင်းမရှိတော့ကြောင်းနှင့် အဆိုပါတံတားတွင် မပေါက်ကွဲသေးသော မိုင်း ၂ လုံး တပ်ဆင်ကျန်ရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်စဉ်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ဒုရဲအုပ် အောင်တင်ဦးနှင့်ဇနီး မလှစိန်နု၊ မိခင် မမေမွှေးစိန်နှင့် ညီမဖြစ်သူ မတင်မေအောင်တို့ ၃ ဦးမှာ စိုးရိမ်ရသည့်ဒဏ်ရာများရရှိသဖြင့် ကာမိုင်းမြို့နယ်ခွဲ ဆေးရုံသို့ တင်ပို့ကု သမှုခံယူထားရသည်ဟု သိရသည်။ ဆုတ်ခွာ သွားသော သောင်းကျန်းသူများနောက်သို့ နယ် မြေခံ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
Myanmar Forward
Time in Rangoon

0 comments:
Post a Comment