Monday, July 30, 2012

ဂျာမနီကာကွယ်ရေးဝန်ကြီးသည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments


Press TV.com;July-27(Fri)
          ဂျာမနီ ကာကွယ်ရေး ဝန်ကြီး Thomas de Maiziere သည် ဂျာမနီ တပ်ဖွဲ့ဝင် ၅,ဝဝဝ နီးပါး တပ်စွဲထား ဆဲဖြစ်သော အာဖဂန် နစ္စတန် နိုင်ငံသို့ ရုတ်တရက် ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြောင်း သိရှိ ရပါသည်။      Thomas de Maiziere သည် ဇူလိုင်လ ၂၅ ရက် နေ့တွင် အာဖဂန် သို့ သွားရောက်ခဲ့ပြီး နေတိုးအဖွဲ့ ၏ တောင်ပိုင်းဒေသ အကြီးအကဲ အမေရိကန် ဗိုလ်ချုပ် James Huggins နှင့် တွေ့ဆုံခဲ့ပါသည်။ အာဖဂန် တောင်ပိုင်းနှင့် အရှေ့ပိုင်း ပြည်နယ်များသည် တာလီဘန် စစ်သွေးကြများ ၏ အမာခံ နယ်မြေများ ဖြစ်ပါသည်။ ဂျာမနီ တပ်ဖွဲ့ဝင် အားလုံးနီးပါး မှာ အာဖဂန် မြောက်ပိုင်းတွင် တပ်ဖြန့်နေရာ ယူထားကြောင်း သိရှိရပါသည်။
          သို့သော်လည်း ဂျာမနီ တပ်ဖွဲ့ဝင် များသည် နိုင်ငံတကာ လုံခြုံရေး အထောက်အကူ ပြုတပ်ဖွဲ့ဝင်များ နှင့် အတူ တာဝန်ထမ်းဆောင် လျက်ရှိပြီး နိုင်ငံတစ်ဝန်း မည်သည့် နေရာတွင် မဆို တပ်ဖြန့်ချ ထားနိုင်ကြောင်း သိရှိ ရပါသည်။ အာဖဂန် နစ္စတန် နိုင်ငံအတွင်း အမေရိကန် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၃ဝ,ဝဝဝ ခန့် ရှိ နေသော်လည်း အာဖဂန် ပြည်သူများ အနေဖြင့် မိမိကိုယ် မိမိ ယုံကြည်မှု နည်းနေသေးကြောင်း Thomas de Maiziere က ကဘူးလ်မြို့ ၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် ယခုချိန် အထိ အာဖဂန် နစ္စတန်နိုင်ငံ တွင် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့ဝင် အနည်းဆုံး ၂၅၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ အာဖဂန် နစ္စတန် နိုင်ငံတွင် စစ်ဘက်ဆိုင်ရာ ထိခိုက် ဒဏ်ရာရ မှုများ မြင့်မားလာခြင်း နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံအတွင်း ဆန့်ကျင်မှုများ အရှိန်မြင့် တက်လာခဲ့ ပါသည်။ အခြားသော နေတိုး အဖွဲ့ဝင် နိုင်ငံများ ကလည်း  ထို ရှည်ကြာသော အာဖဂန် စစ်ပွဲအား ဆန့်ကျင် ခဲ့ကြကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်