Monday, July 30, 2012

၂ဝ၁၃ ခုနှစ်တွင် ပိုလန်၌ အမေရိကန်တပ်များ စတင်တပ်စွဲထားရန်ရှိခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments

Press TV.com;July-26(Thu)
          အမေရိကန် နိုင်ငံသည် ပိုလန်နိုင်ငံအား တိုက်လေယာဉ် နှင့်ပို့ဆောင်ရေး လေယာဉ်များ ထောက်ပံ့ရန် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်တပ်ဖွဲ့တစ်ဖွဲ့အား စေလွှတ်ရန် ရှိကြောင်း သိရှိရပါသည်။ ၂ဝ၁ဝ ပြည့်နှစ် တွင်  F-၁၆ နှင့် C-၁၃ဝ လေယာဉ်များအား ၃ လတစ်ကြိမ် အလှည့်ကျ တပ်ဖြန့်ရန် ပိုလန်နိုင်ငံ၏ သဘော တူညီမှုအရ ၂ဝ၁၃ခုနှစ အစောပိုင်းတွင် အမေရိကန် ၏ပထမဆုံး လေတပ်ဆွယ်သည် ပိုလန်မြေပေါ်၌ တပ်စွဲထား ရှိမည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရ ဂျော့လစ်တယ်က ပြောကြားခဲ့ပါသည်။
          ပိုလန်သို့ အမေရိကန် လေတပ် တပ်ဆွယ် တစ်ခုရောက်ရှိ ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ခြေလှမ်း တစ်ခုဖြစ်လာ မည်ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှုကို ပိုမိုအားကောင်း စေမည်ဖြစ်ကြောင်း ဂျော့လစ်တယ်က ထပ်လောင်း ပြောကြားခဲ့ပါသည် Fင်္-၁၆ တိုက်လေယာဉ် များအား အီတလီ မှပိုလန်သို့ ရွှေ့ပြောင်းခြင်းဖြင့် အမေရိကန် နှင့်နေတိုး အဖွဲ့၏ အကျိုးစီးပွားအား အကောင်းဆုံး ထိန်းသိမ်း နိုင်မည်ဟု အမေရိကန် စစ်ဘက်က အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ်တွင် နေတိုး ဒုံးပျံကာကွယ်ရေး စနစ်တစ်ခုအား လက်ခံ ထားရှိရန် ပိုလန်က မျှော်လင့်ထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်