Monday, July 30, 2012

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ Navipillay မှ ရခိုင်ဒေသအဓိကရုဏ်းအား ဘက်မလိုက်ဘဲ အမြန်စစ်ဆေးမှုပြုလုပ်သွားရန် တောင်းဆိုခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments


Aljazeera.com;July-28(Sat)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးစု အဓိကရုဏ်း နှင့် ပတ်သက်၍ ဘက်မလိုက် ဘဲ အမြန်စစ် ဆေးသွားရန် ကုလသ မဂ္ဂလူ့အခွင့် အရေးအဖွဲ့ အကြီးအကဲ Navipillay  က ဇူလိုင်လ ၂၇ ရက်နေ့တွင် တောင်းဆိုခဲ့သည်။ အခင်း ဖြစ်ပွားစဉ် အစပိုင်း၌ မြန်မာ လုံခြုံရေး အဖွဲ့များသည် အများ ပြောပြချက် အရ လူနည်းစု မွတ်စလင် များကို တစ်ဖက်သတ် နှိမ်နင်း ခဲ့သည်ဟု သိရှိကြောင်း pillay က ပြောကြားခဲ့ ပါသည်။
၎င်းပဋိပက္ခ တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များအနေဖြင့် ခွဲခြား ဆက်ဆံခြင်း၊ ဘက်လိုက်ခြင်း များအပြင် လှုံ့ဆော်မှုတွင် ပါဝင် ပတ်သက်ခဲ့ကြောင်း ဘက်မလိုက် သူများ၏ တိုင်ကြားချက် များစွာကို ရရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်ရေး ဆိုင်ရာ မဟာမင်းကြီးမှ ပြောကြားခဲ့ ပါသည်။ ပဋိပက္ခ အစပိုင်းတွင် အာဏာပိုင် များသည် မွတ်စလင်များ၊ အထူးသဖြင့် ရိုဟင်ဂျာ အဖွဲ့အစည်းဝင် များကို ပစ်မှတ်ထား၍ နှိမ်နင်းခဲ့သည် ဟု သတင်းအချက် အလက်များ အရ သိရှိရကြောင်း၊ ၄င်းပဋိပက္ခ သည် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွင် ရခိုင် ဗုဒ္ဓဘာသာ ဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား ဇွန်လ အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တရားဝင် ထုတ်ပြန်ချက်များ အရ အနည်းဆုံးလူ ၇၈ ဦးသေဆုံးပြီး ၇ဝ,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ ရကြောင်း၊ တရားမဝင် ခန့်မှန်းချက် အရ သေဆုံးသူ မှာယခုထက် မက များပြားသည် ဟုသိရကြောင်း ပြောကြားခဲ့ ပါသည်။
ပဋိပက္ခ နှင့် ပတ်သက်၍ တားဆီးသွားရန် နှင့်ပါဝင် သူများအား အရေးယူသွားရန် pillay မှ အစိုးရအား တိုက်တွန်းခဲ့ပြီး အစိုးရနှင့် လွတ်လပ်သော သတင်း မီဒီယာအချို့ နှင့် သတင်း Website အချို့တွင် ရိုဟင်ဂျာ အပေါ် နိမ့်ကျစွာ စကားအသုံး အနှုန်းများ သုံးနှုန်း ခဲ့သည်ကို သူမအနေဖြင့် လွန်စွာ အံ့သြ တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ၏ ဖိတ်ကြားချက် အရ UN စုံစမ်း စစ်ဆေးသူ  Toma Ojea Quintano သည် ဇူလိုင်လ ၃ဝ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက် ကြည့်ရှုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ဒေသ ရှိ အဖွဲ့အစည်း အားလုံးအနေဖြင့် ကင်တားနားကို လွတ်လပ် ပွင့်လင်းစွာ ပြောကြားနိုင် ရန်မှာ အရေးအကြီး ဆုံးဖြစ်ကြောင်း pillay  မှ ထောက်ပြ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ခန့်မှန်း ၈ဝဝ,ဝဝဝ ခန့် နေထိုင်လျက် ရှိပြီး နိုင်ငံသား အများစုမှာ ၄င်းတို့ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မှ တရား မ ဝင်လာရောက် နေထိုင်သူ များဟုမြင်ပြီး ရန်လိုသည့် အမြင်များ ရှိကာ အစိုးရ ကလည်း နိုင်ငံခြားသားများ အဖြစ် မှတ်ယူထား သည်ဟု ဖော်ပြထားပါသည်။

 --ရခိုင်ပြည်နယ် ရှိ တိုင်းရင်းသား ညီအစ်ကိုများ အနေနှင့် ကင်တားနား လာတဲ့အခါ အဖြစ်အပျက် ဓာတ်ပုံ/ဗွီဒီယို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အဖြစ်မှန်ကို ကမ္ဘာသိအောင် ဖော်ထုတ် ပြသကြပါ ရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။
ကိုဇံ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်