Monday, July 30, 2012

ဥရောပသမဂ္ဂသည် ခြိုးခြံချွေတာရေး အစီအစဉ်များအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဂရိနိုင်ငံအားတိုက်တွန်းပြောကြားခဲ့ခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments


NHK.or.jp;July-26(Thu)
          ဥရောပ သမဂ္ဂသည် နှောင့်နှေး ကြန့်ကြာနေသော ခြိုးခြံ ချွေတာရေး အစီအစဉ်အား အမြန်ဆုံး အကောင် အထည်ဖော်ဆောင် ရွက်ရန်အတွက် ဂရိနိုင်ငံ အားတိုက်တွန်း ပြောကြားခဲ့ပြီး ဂရိနိုင်ငံသည် ယူရိုဇုန် အတွင်း၌ ရှိနေသေးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso သည် ဂရိဝန်ကြီးချုပ် Antonis Samaras နှင့် ပထမဆုံး အကြိမ် ဆွေးနွေးပွဲအား အေသင်မြို့၌ ဇူလိုင်လ ၁၉ ရက်နေ့က ပြုလုပ်ပြီးနောက် ဂရိနိုင်ငံသည် ယူရိုဇုန်တွင် ရှိနေသေးသည့် ပူးတွဲ ကြေညာချက် တစ်စောင်အား ထုတ်ပြန်ခဲ့ပါသည်။ ဥရောပ သမဂ္ဂသည် ဂရိနိုင်ငံ အားအကူအညီ ပေးမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားပါသည်။
          သို့သော် နိုင်ငံပိုင် ကုမ္ပဏီများအား ပုဂ္ဂလိက သို့လွှဲပြောင်းပေး မှုအပါအဝင် နှောင့်နှေး ကြန့်ကြာနေသော ခြိုးခြံ ချွေတာရေး အစီအစဉ်အား အမြန်ဆုံး ဆောင်ရွက်ရန်နှင့် ပြည်သူ့ ဝန်ထမ်း အရေအတွက်အား လျှော့ချရန် Barroso က ဂရိနိုင်ငံအား တောင်းဆိုခဲ့ပါသည်။ အဓိက ဆောင်ရွက်နေသည့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာ မှုအား အဖြေအမြန် ဆုံးရရှိရေး အကောင်အထည် ဖော်ရန် ၄င်းက ပြောကြား ခဲ့ပါသည်။ ဘဏ္ဍာရေး အကူအညီ များပြန်လည် ရရှိစေရေး ဥရောပ သမဂ္ဂမှ အဆိုပြု ထားသော ခြိုးခြံ ချွေတာရေး အစီအစဉ် အတွက် အခြေအနေ လွယ်ကူ ချောမွေ့စေရေး ဂရိအစိုးရမှ ဥရောပ သမဂ္ဂအား တောင်းဆိုထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်