Monday, July 30, 2012

မြန်မာ အားကစားသမား တဝက် အိုလံပစ်က ထွက်ပြီ

Posted by drmyochit Monday, July 30, 2012, under | No comments

မြန်မာ လှလှေော်မယ် ရွှဇေင်လတ်ဟာ ဒုတိယနေ့ ပွဲစဉ်အဖြစ်၊ မီတာ ၂၀၀၀ တဦးချင်း လှလှေော်ပွဲမှာ ဒီကနေ့ ယှဉ်ပြိုင်ရာ၊ လေးယောက်ပြိုင်တဲ့ သူ့အုပ်စုမှာ တတိယ နေရာသာ ရခဲ့တဲ့ အတွက် ကွာတားတက်ဖို့ လက်လျှော့ လိုက်ရပါတယ်။

မရွှဇေင်လတ်ဟာ ပထမနေ့ ပွဲစဉ်မှာ ရှုံးခဲ့တဲ့ အတွက် အကောင်းဆုံး အရှုံးသမား ရှစ်ယောက်ရဲ့ ပြိုင်ပွဲ အဖြစ် ဒီကနေ့ ပြန်ပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်ပွဲနဲ့ မြန်မာ အားကစားသမားများ

မာရသွန် - နီလာစန်း

မီတာ ၄၀၀ အပြေး - သက်ဇော်ဝင်း

ဂျူဒို - အေးအေးအောင်

သေနတ်ပစ် - မောင်ကြူး

မြားပစ် - နေမျိုးအောင်

လှလှေော် - ရွှဇေင်လတ်

မြန်မာအနေနဲ့ အတော့်ကို ကြိုးစားရဦးမှာ ဖြစ်ကြောင်း ဦးနောတောင်က ပြောပါတယ်
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    * အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း
    * အိုလံပစ် ပထမနေ့
    * အိုလံပစ် ပထမဆုံး ရွှတေံဆိပ် တရုတ်ဆွတ်ခူး

ဆက်စပ်အကြောင်းအရာများ

    * အားကစား,
    * အာရှ

မြန်မာ နိုင်ငံ ကို ကိုယ်စားပြု ပြိုင်ပွဲဝင်တဲ့ သေနတ်ပစ် Air Pistol သေနတ်ပစ် ပြိုင်ပွဲ မှာ မောင်ကြူး ယှဉ်ပြိုင်ရာ၊ အမှတ် ၆ဝဝ အနက် ၅၆၅ မှတ်သာ ရတဲ့ အတွက် ရှုံးနိမ့်ခဲ့ပြီး၊ ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။

၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ဘူးတဲ့ မြားပစ်ပြိုင်ပွဲက ကိုနေမျိုးအောင်လည်း ပြိုင်ပွဲကနေ ထွက်ခွာသွားရ ပါပြီ။ နေမျိုးအောင်ဟာ မြားပစ်ပွဲမှာ အမှတ် ၇၀၀ အနက် ၆၄၆ မှတ် ရရှိပြီး၊ ဝင်ပြိုင်သူ ၆၄ ဦးမှာ အဆင့် ၅၆ ပဲ ချိတ်ခဲ့တာ ဖြစ်ပါတယ်။

အခု မြန်မာအသင်း ပြိုင်ဖို့ ကျန်ရှိနေသေးတဲ့ ပွဲတွကေတော့ အမျိုးသား မီတာ ၄၀၀ အတွက် ကိုသက်ဇော်ဝင်းနဲ့ မာရသွန် ပြေးပွဲအတွက် မနီလာစန်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲတွပေဲ ဖြစ်ပါတယ်။

ဂျူဒိုမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်နေသေးတဲ့ မအေးအေးအောင်ကတော့ သြဂုတ်လ ၂ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ယှဉ်ပြိုင်ဖို့ကတော့ သိမလွယ်လှဘူးလို့ လန်ဒန်ကို ရောက်နေတဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနောတောင်က ပြောပါတယ်။

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကတော့ အိုလံပစ်ကို ထိုးဖေါက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အနေနဲ့ကတော့ အတော့်ကို ကြိုးစားရဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်