န်ကုန် (မဇ္ဈိမ)။ ။ ရွှေတိဂုံ စေတီဘုရားရှိ သက်တမ်း ၂၃၄ နှစ် ရှိပြီး
ဒုတိယ အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည့် စဥ့်ကူးမင်း ခေါင်းလောင်းအား
သြဂုတ်လဆန်းမှ စတင်၍ ဘုရားဖူးများအား ခေါင်းလောင်းထိုးခွင့် ပိတ်တော့မည်
ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။
ခေါင်းလောင်း၏
အောက်ခြေ အနားသက်တချို့ ပျက်စီးနေပြီး ခေါင်းလောင်း ရေရှည် တည်တံ့စေရန်
အတွက် ရည်ရွယ်ကာ ထိုသို့ ခေါင်းလောင်းထိုးခွင့် ပိတ်လိုက်ခြင်းကြောင်း ၎င်းက
ရှင်းပြသည်။
“ဘုရားဖူးတွေက ခေါင်းလောင်းတွေပေါ်မှာ ရေးခြစ်ကြတာတွေ ရှိတယ်။ ဒါကြောင့် အဲဒါတွေကို ဆေးပြန်သုတ်
လိုက်ရင် ရပေမယ့် ထိခိုက်ကျိုးပဲ့ ပျက်စီးသွားရင်တော့ နောင်လာ နောက်သားတွေကို ပြသဖို့ ခက်သွားလိမ့်မယ်။
နောင်လာနောက်သားတွေ
ကြည့်လို့ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ အခုလို စီစဉ်တာ ဖြစ်တယ်” ဟု
ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။
ခေါင်းလောင်းထိုးခွင့်
ပိတ်လိုက်သော်လည်း ခေါင်းလောင်းကို သံဇကာဖြင့်သာ ကာထားမည်ဖြစ်၍
ဘုရားဖူးများ ကြည့်ရှုခွင့် ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
အလေးချိန်အားဖြင့် ၂၄ တန်ရှိပြီး အမြင့် ၁၂ ပေ၊ မျက်နှဝ အကျယ် ၁၀ ပေ ရှိသည့် အဆိုပါ ခေါင်းလောင်းသည်
ရွှေတိဂုံစေတီ ရာဟုထောင့်တွင် တည်ရှိပြီး စေတီတော်တွင် ထားရှိသည့် ခေါင်းလောင်းများအနက် ဒုတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်သည်။
ရွှေတိဂုံ စေတီတော်တွင် ခေါင်းလောင်း အကြီး/အသေးပေါင်း ၃၅ လုံး ရှိပြီး တနင်္ဂနွေထောင့်ရှိ သက်တမ်း ၁၇၂ နှစ်ရှိ
သော
သာယာဝတီမင်း ခေါင်းလောင်းမှာ ကြေးတန်ချိန် ၄၂ တန် ရှိကာ အကြီးဆုံးဖြစ်ပြီး
ထိုခေါင်းလောင်းကိုမူ ဆက်လက် ထိုးခွင့်ပြုသွားမည် ဖြစ်သည်။
Monday, July 30, 2012
ရွှေတိဂုံဘုရားရှိ စဥ့်ကူးမင်း ခေါင်းလောင်း ထိုးခွင့် ပိတ်တော့မည်
Posted by drmyochit
Monday, July 30, 2012, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment