Monday, July 30, 2012

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ထိပ်တန်းလုံခြုံရေးအကြံပေးအရာရှိ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments

Xinhuanet.com;July-27(Fri)
          အမေရိ ကန်သမ္မတ ဘားရက်အို ဘားမား၏ ထိပ်တန်း လုံခြုံရေး အကြံပေးအရာရှိ Thomas Donilon သည် ဇူလိုင်လ ၂၆ ရက်နေ့က ဂျပန် ထိပ်တန်း အရာရှိများနှင့် ၄င်း၏ ဆွေးနွေးမှုတွင် အမေရိကန်-ဂျပန်မဟာ မိတ်ပြုခြင်း၏ မဟာဗျူဟာ နှင့်ပတ်သက်သော အရေး ပါမှုများကို အလေးထား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Donilon သည် ဂျပန် နိုင်ငံသို့ သွားရောက်သည့် ၄င်း၏ တစ်ရက်ကြာ ခရီးစဉ်အတွင်း ကဏ္ဍ အသီးသီးတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် မှုများအား ဆွေးနွေးရန် ဂျပန် ဝန်ကြီးချုပ် ယူရှီကိုနိုဒါနှင့် အခြားသော ထိပ်တန်း ဂျပန်အရာ ရှိများနှင့် တွေဆုံခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။

          Mr Donilon သည် ၄င်း၏ ဆွေးနွေး မှုအတွင်း နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်သော ညှိနှိုင်း တိုင်ပင်မှုများ၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် နေခြင်း၏ အကျိုး ကျေးဇူးများနှင့် အမေရိကန်-ဂျပန်မဟာ မိတ်ပြုခြင်း၏ မဟာဗျူဟာ မြောက်အရေး ပါမှုများကို အလေးထား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ၄င်းအပြင် Donilon  သည် ကိုရီးယား ကျွန်းဆွယ်၊ အီရန်နှင့် အာရှရှိ ဒေသတွင်း လုံခြုံရေး နှင့် ပတ်သက်သော နျူကလီးယား မပြန့်ပွားရေး ကိစ္စရပ်များတွင် လုပ်ဆောင် နေဆဲဖြစ်သော ပူးပေါင်း ဆောင်ရွက်မှုများ၏ အကျိုးအမြတ် များကိုလည်း အလေးအနက် ဆွေးနွေးခဲ့ပါသည်။
Donilon သည် အရှေ့ အာရှထိပ်သီး ညီလာခံ ကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများ ၏ ဖွံ့ဖြိုးတိုးတက် နေမှုများကိုလည်း ဆွေးနွေးခဲ့ပြီး ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်အဖွဲ့တွင် ဂျပန်နိုင်ငံ ၏စိတ်ပါ ဝင်စားမှု ကိုလည်း ၄င်းက ကြိုဆို လက်ခံခဲ့ပါသည်။  Donilon သည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး   Koichiro Gemba နှင့် ပြုလုပ်သော ဆွေးနွေးမှု တွင် အာဖဂန် နစ္စတန် နိုင်ငံအတွက် ဂျပန်နိုင်ငံ၏ အကူအညီ ပေးမှုများ ကိုလည်း အသိအမှတ် ပြုကြောင်း ၄င်းက ထုတ်ဖော် ပြောကြားခဲ့ပါသည်။ Donilon သည် ဂျပန်နိုင်ငံသို့ မသွား ရောက်မီ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ တရုတ်နိုင်ငံ သို့လည်း သွားရောက်ခဲ့ကြောင်း သိရှိရ ပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်