Monday, July 30, 2012

ရိုဟင်ဂျာများအား မကူညီနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောကြားခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments

Aljazeera.com;July-27(Fri)
အိမ်နီးချင်း မြန်မာနိုင်ငံ အတွင်းမှ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် များအား မိမိတို့ နိုင်ငံအနေဖြင့် လက်ခံကူညီ နိုင်မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ကလည်း မြောက်များစွာသော နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများကို ပယ်ချထားကြောင်း သတင်းတစ်ခု တွင် ဖော်ပြ ထားပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွှေ့ပြောင်း နေထိုင်လာသူ များပြား လျက်ရှိပြီး နိုင်ငံအတွင်း ဒုက္ခသည် စခန်းတွင် ရိုဟင်ဂျာ ၃ဝဝ,ဝဝဝ ခန့် နေထိုင် လျက်ရှိကြောင်း၊ ၄င်းဒုက္ခသည် များအားလုံးကို ကူညီရန် မိမိနိုင်ငံတွင် တာဝန် မရှိကြောင်း ပြောကြား ခဲ့ပါသည်။

သံဝေဂ  ကိုယ့်နိုင်ငံသား၊ ဘာသာတူ၊ လူမျိုးတူ၊ ကိုယ့်အမျိုးကိုတောင် ဥပေက္ခာပြုထားတယ်။ ကိုယ့်သား၊သမီးကို ကိုယ်ကလက်မခံဘူးဆိုတော့---  ကျုပ်တို့မြန်မာပြည်က အနေသာကြီးပါဗျာ-

ကိုဇံ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်