Monday, July 30, 2012

ရုရှားသမ္မတနှင့် ဗီယက်နမ်သမ္မတတို့သည် ဆွေးနွေးပွဲများပြုလုပ်သွားမည်ဆိုခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments


RIA Novosti.com;July-27(Fri)
          ရုရှား သမ္မတ ဗလာဒီမာပူတင်သည် ဗီယမ်နမ်သမ္မတ Truong Tan Sang နှင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်း ရုရှား အစိုးရ ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ ဖော်ပြထား ပါသည်။ ရုရှား သမ္မတဗလာ ဒီမာပူတင်နှင့် ရုရှားနိုင်ငံသို့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ချစ်ကြည်ရေး ခရီးရောက် ရှိနေသော ဗီယက်နမ်သမ္မတ Truong Tan Sang တို့သည် နိုင်ငံရေး ဆိုင်ရာဆွေးနွေး ပွဲများတိုးမြှင့် လုပ်ဆောင်နိုင်ရေး၊ စီးပွားရေးဆိုင် ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံတကာ အရေးကိစ္စများ နှင့်ပတ်သက်၍ ဆွေးနွေးသွား မည်ဖြစ်ပါသည်။ ဗီယက်နမ် သမ္မတ Sang သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။
ရုရှားနှင့် ဗီယက်နမ် နိုင်ငံတို့ အကြား အပြန်အလှန် ကုန်သွယ်မှုသည် ၂ဝ၁၁ ခုနှစ်အတွင်း၌ အမေရိကန် ဒေါ်လာ ၃.ဝ၆ ဘီလီယံရှိ ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် တွင်ရှိခဲ့သည့် ပမာဏထက် ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဗီယက်နမ် နိုင်ငံ၌ ရုရှားနိုင်ငံ မှရင်းနှီးလုပ်ကိုင် နေသည့် စီမံကိန်း ၇၈ ခုရှိပြီး ၄င်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရှိပါသည်။ ရုရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် လုပ်ငန်း ၁၄ ခုအား အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်း များမပါဝင်ဘဲ ရင်းနှီးမြှုပ်နှံ မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇၈ သန်း ရှိကြောင်း ရုရှားအစိုးရ မှပြောကြား ခဲ့ပါသည်။ ရုရှားနှင့် ဗီယက်နမ် နိုင်ငံတို့သည် ခရီးသွား လာရေး လုပ်ငန်း၌လည်း ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်